ကပ္ပလီကဝေမ part-4 final

2.4K 195 4
                                    

"ဆရာကြီး ဒီကဝေမကြီးထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲဗျ"

"ဟာ မောင်တာတေ မပူနဲ့ ဆရာကြီးက 'ကဝေထောင်ချောက်'အင်းကြီးကို အလောင်းစင်ဘေးမှာ ချထားမှာ မောင်တာတေက လှိမ့်ချလိုက်တာနဲ့ ကျုပ်က မန္တန်တစ်ခုကို ရွတ်လိုက်ရင် အင်းက ချက်ချင်းအသက်၀င်လာပြီး ဒီကဝေမ ထွက်မပြေးနိုင်‌တော့ဘူးကွဲ့"

"ဪ ဒီလိုလား ကဲ ကျုပ်တော့ အဆင်သင့်ဖြစ်ပါပြီ ဆရာကြီး"

"အင်း မောင်တာတေ မင်းရဲ့သတ္တိကိုတော့ ဆရာကြီး ချီးမွမ်းပါရဲ့ကွယ် ဒါကြောင့်လည်း နွံဖက မင်းကို အားကြီး ချီးမွမ်းတာကိုး ကဲ ခင်ဗျားတို့ရွာသားတွေ အလောင်းကို ရွှေ့ကြပေတော့ ပြီးတော့ အလောင်းကို လုံအောင်ဝှက်ကြနော် နည်းနည်းမှ ခြေရာလက်ရာ မပျက်ကြစေနဲ့"

"ဟုတ်ကဲ့ပါ ဆရာကြီး"

လို့ ရွာသားတွေက ပြောပြီး အလောင်းစင်ပေါ်က အလောင်းကြီးကို အိမ်ထဲ ရွှေ့သွားကြရောဗျို့။ကျုပ်လည်း အောက်ထပ်ဆင်းပြီး အလောင်းစင်ပေါ် အသာကလေးတက် စန့်စန့်ကလေးလှဲချလိုက်ရတာပေါ့ဗျာ။သနပ်ခါးဖွေးဖွေးကြီးနဲ့ ခေါင်းရမ်းပန်းအနီကြီးပန်ထားတဲ့ ကျုပ်မျက်နှာဟာ ဘယ်လိုကြည့်ကြည့် အလောင်းကောင်ကြီးနဲ့တူနေမှာပါဗျာ။အလောဂ်းစင်ရဲ့ခေါင်းရင်းမှာ ဝါးတိုင်ကလေးစိုက်ပြီး ထွန်းထားတဲ့ ရေနံဆီမှန်အိမ်ကလေးရဲ့ အလင်းရောင်ဖျော့ဖျော့အောက်မှာဆိုတော့ အလောင်းပြင်ထားတဲ့အတိုင်းပေါ့ဗျာ။ဘယ်သူက ရိပ်မိတော့မှာလဲ။

ကျုပ်ကိုလည်း အလောင်းကောင်ကိုလုပ်ထားသလိုပဲ မုဒုံစောင်ပါးကလေးတစ်ထည် လွှမ်းထားလိုက်ကြတယ်ဗျ။ဒါပေမဲ့ဆရာကြီးက မသိမသာ စောင်မှာ အပေါက်ကလေးတွေ ဖောက်ပေးလိုက်တယ်။ကျုပ်နှာခေါင်းပေါက်မှာ တစ်ပေါက် မျက်စိတည့်တည့်မှာ နှစ်ပေါက်ဗျ။ကျုပ်အသက်ရှူဖို့လည်း မခက်ဘူးပေါ့ဗျာ။အပြင်ကိုလည်း အပေါက်ကလေးကနေ ချောင်းကြည့်လို့ရတာပေါ့။

ဆရာကြီးက အလောင်းစင်ပေါ်မှာ စက်ဝိုင်းတစ်ခုဆွဲပြီး အင်းချတယ်ဗျ။ဆရာကြီးပါးစပ်က မန္တန်ရွတ်တဲ့အသံကို ကျုပ်က အလောင်းစင်ပေါ်ကနေ ကြားနေရတယ်။

တာတေ [ညမဖတ်ရ]Where stories live. Discover now