Halloween Special(Part-1)

2.7K 164 4
                                    

Zawgyi
"ရော့... ငါလမ်းမှာတွေ့လို့ကောက်လာတာ။"

တစ်ကိုယ်လုံးတုန်ရီနေသော အကောင်ဖြူဖြူလေးကို ပြုံးခွန်းသကြည့်လိုက်မိသည်။

"မြေခွေးလေးလား?"

"အင်း"

တိမ်ရောင်စဉ်က စိတ်မရှည်လက်မရှည်နှင့် ထိုမြေခွေးလေးကို ခွန်းသဆီသို့ ပစ်ပေးလိုက်သည်။

"ဟိုတစ်ခါက မင်းသူငယ်ချင်းလေးတွေကိုစားလိုက်မိလို့ အလျော်ပြန်ပေးတာ။ ငါ့ကိုစိတ်မဆိုးနဲ့တော့။"

အစ်ကိုဖြစ်သူ၏စကားကြောင့် ခွန်းသမျက်မှောင်ကြုတ်လိုက်မိသည်။ ဘယ်ကမှန်းမသိသည့် ပေါက်ကရအကောင်တစ်ကောင်က သူ့သူငယ်ချင်းတွေနေရာမှာ အစားထိုးလို့ရရိုးလားတဲ့လေ။

"ကျွန်တော့်သူငယ်ချင်းတွေနဲ့ ဘယ်ကမှန်းမသိတဲ့အကောင်လေးနဲ့ မတူဘူးလေဗျာ။ နောက်တစ်ခါဆို ကျွန်တော့်သူငယ်ချင်းတွေကိုမစားပါဘူးလို့ ကတိပေး။"

"သဘောပဲလေ။"

တိမ်ရောင်စဉ်သည် စိတ်မရှည်သလို ပြန်ဖြေလိုက်ပြီးနောက် မျက်တောင်တစ်ခတ်အတွင်း ထိုနေရာမှပျောက်ကွယ်သွားလေတော့သည်။

ကြီးမားသောခန်းမကြီး၏ ထောင့်လေးတစ်ခုတွင်ကပ်ကာ တုန်ရီနေသော ထိုမြေခွေးလေးကိုကြည့်ရင်း ခွန်းသ သက်ပြင်းချလိုက်မိသည်။

"တစ်လလောက်ထပ်ပြီးပျောက်သွားဦးမယ်နဲ့တူတယ်။ ပြီးရင် ဘာပြဿနာတွေထပ်သယ်လာဦးမလဲမသိ။"

သူတကယ်ပဲစိုးရိမ်မိသည်။ ညီအစ်ကိုသုံးယောက်ရှိသည့်အနက် တိမ်ရောင်စဉ်သည် အစ်ကိုအကြီးဆုံးဖြစ်ကာ သူကအလတ်ဖြစ်သည်။ ထို့ပြင် သူတို့မိသားစုထဲတွင် လူသားတစ်ယောက်မှမပါချေ။

မှန်သည်။ ဤလောကကြီးတွင် လူသားများသာရှိသည်မဟုတ်။ အခြားလောကသားများသည်လည်း လူသားများအကြားရောနှော၍နေထိုင်ကြသည်။ သို့သော် လူသားများသည် သူတို့ကိုသတိမထားမိကြချေ။ သူတို့သည်လည်း အသွင်အစစ်ကိုချပြခွင့်မရှိချေ။ ထို့ပြင် လူသားများကို သတ်ဖြတ်ခွင့်မရှိချေ။

Romance Is Dead (Completed)Where stories live. Discover now