PART..22

15.5K 1.5K 43
                                    

With Zawgyi

"မှူး.."

အခန်းထဲသို့လှမ်းနေသော သွန်းခေတ်ခြေလှမ်းတို့ ရပ်တန့်သွားလေသည်။

"အဆင်ပြေတယ်မလား။ နေသားကျသွားပြီဆိုတော့... အင်း... မနက်ဖြန်လား? လာခဲ့မယ်လေ။"

....အဲဒီမှူးဆိုတဲ့မိန်းကလေးက ဘယ်သူလဲ...

ထိုအတွေး၏နောက် အတွေးပေါင်းများစွာက သွန်းခေတ်ခေါင်းထဲသို့ တရစပ်တိုးဝင်လာတော့သည်။

သိပ်မတွေ့ရတတ်တဲ့ နှစ်နှစ်ကာကာအပြုံးတို့က ထိုမိန်းကလေးနှင့် ဖုန်းပြောသည့်အချိန်မှ ပေါ်ထွက်နေတာတဲ့လား...

ဖုန်းပြောနေတုန်းတောင် ဒီလောက်ပျော်နေရင် လူချင်းသာတွေ့နေရင် ဘယ်လောက်များပျော်နေလိမ့်မလဲ...

သွန်းခေတ်အတွေးတို့က သူ့နှလုံးသားကို ရက်ရက်စက်စက် နာကျင်လာစေသည်။ ဒါပေမယ့်လည်းလေ... ချစ်မိကတည်းက အရှုံးဆိုတာကို သွန်းခေတ်လက်ခံထားပြီးသားမို့ ခွန်းသပျော်နေတာကိုကြည့်ရင်း သူလည်းလိုက်ပြုံးလိုက်မိသည်။ သူ့ကိုအမြဲပြုံးနေအောင် လုပ်နိုင်သည့်သူရှိနေပြီပဲဟု သွန်းခေတ်တွေးမိသည့်နောက် သူ၏ ဘယ်ဘက်ပါးပြင်စိုစွတ်လာမှုကို ခံစားလိုက်ရလေသည်။

"ဟင်..."

အလန့်တကြားလက်ဝါးနှင့် သုတ်လိုက်မိတော့ မျက်ရည်တစ်စက် ဖြစ်လို့နေသည်။ နှလုံးသားက နာကျင်လှပြီတဲ့လား... သွန်းခေတ်ပြုံးသာပြုံးလိုက်မိသည်။ သူချစ်ရသူရယ်နေတာကို ခဏခဏမြင်တွေ့ခွင့်ရတော့မယ်လို့ တွေးလိုက်မိလို့လေ... သို့ပေမယ့် ပျော်ရွှင်အောင်လုပ်ပေးနိုင်သူဟာ သူမဟုတ်လို့ စိတ်မကောင်းတော့ ဖြစ်မိပြန်လေရဲ့...

ခွန်းသ ဖုန်းချလိုက်ပြီး သက်ပြင်းပါချလိုက်မိသည်။ မှူးတို့၏ နှစ်လပြည့် Anniversaryကို သူသွားရပြန်အုံးမည်။ ချစ်သူနှစ်ယောက်တည်း သီးသန့်ဖြတ်သန်းသင့်သော Anniversaryကို သူ့ကိုဘာရည်ရွယ်ချက်နှင့် ဖိတ်သည်မသိ။ တခြားလူတွေကော ဖိတ်သလားဆိုတော့ သူ့ကိုသာဖိတ်သည်တဲ့..

ခွန်းသ မတွေးတတ်တော့ပါ။ မှူးက သူ့ကိုသက်သက်များ နာကျင်စေချင်လို့လား... သူမတွေးတတ်တော့....

Romance Is Dead (Completed)Where stories live. Discover now