Halloween Special(Part-5)

822 86 4
                                    

Zawgyi
         ကျောင်းဆေးခန်းသို့သွားနေရင်း ထိုပေါက်စက မိုးညကိုမေးလာလေသည်။

"ဘယ်နားတွေထိခိုက်သွားသေးလဲ။"

"ဗိုက်ပဲတအားနာသွားတာဗျ။ ဒါနဲ့ အစ်ကိုက တတိနှစ်လား။"

"အင်း"

"အဲဒါဆို ကိုကိုလို့ခေါ်မယ်နော်။"

         ပြောရင်းဆိုရင်း မိုးည၏အခြားလက်တစ်ဖက်က ကောင်လေး၏ခါးကိုပွေ့ဖက်လာလေတော့ ထိုကောင်လေး၏မျက်နှာဖွေးဥဥသည် ချက်ချင်းပန်းရောင်သန်းသွားကာ မိုးညကို အားကြီးနှင့်တွန်းပစ်လိုက်လေသည်။

ဝုန်း!!

         အုတ်နံရံနှင့်ပင်ဆောင့်မိပြီးနောက် ကြမ်းပြင်ပေါ်ခွေခွေလေးလဲကျသွားချိန်မှ ထိုကောင်လေးသည် စိတ်မကောင်းဖြစ်သွားကာ မိုးညကို လာထူပေးလေသည်။

"ဆောရီး… ငါ့ကိုအဲဒီလိုမစနဲ့လေ။"

         မိုးညလည်း ကျောင်းဆေးခန်းထဲရောက်သွားပြီးနောက် ထိုကောင်လေး၏အကြောင်းသိရသည်မှာ အထက်တန်းနောက်ဆုံးနှစ်တက်နေပြီး ကျောင်းကောင်စီအဖွဲ့ဝင်လည်း ဖြစ်သည်ဟု သိရသည်။ နာမည်မှာ လင်းရိပ်ခဖြစ်ပြီး angelတစ်ယောက်ဖြစ်သည်ဟုလည်းသိရပြန်သည်။

…………Halloween Special………

         လေပြေသွေးတစ်ယောက် ကျောင်းမှအထွက် ကျောင်းရှေ့တွင်ရပ်နေသော တိမ်ရောင်စဉ်ကိုတွေ့လိုက်ရ၍ ဝမ်းသာသွားမိသည်။ တိမ်ရောင်စဉ်သည်လည်း လေပြေသွေးကိုတွေ့သည်နှင့် ချက်ချင်း အပြေးတစ်ပိုင်းရောက်လာတော့သည်။

"ကိုယ်မင်းကိုစောင့်နေတာ။"

         လူငယ်တစ်ယောက်လို တက်ကြွပျော်ရွှင်နေပုံရသော တိမ်ရောင်စဉ်ကိုကြည့်ရင်း လေပြေသွေးသည် ရှက်သွားလေတော့သည်။

"သူရိန်ရော အဆင်ပြေရဲ့လားဗျ။"

         ပြောစရာစကားရှာမရတာကြောင့် ဖြစ်နိုင်ချေအရှိဆုံး စကားအချို့ကိုသာရွေးချယ်ပြောမိလေတော့ တိမ်ရောင်စဉ်က သူ့ကို မြတ်နိုးစွာ ငေးကြည့်လာလေသည်။

"သူကအဆင်ပြေပါတယ်။ မနက်ဖြန်လောက်ဆိုရင်တောင် ကျောင်းပြန်တက်လို့ရပြီ။ ဒါပေမဲ့ ကိုယ်က တခြားကိစ္စကြောင့်လာခဲ့တာ။"

Romance Is Dead (Completed)Where stories live. Discover now