PART..50

17.9K 1.4K 72
                                    

With Zawgyi

ခွန်းသ ဆိုင်ကယ်ကိုမှီကာ သွန်းခေတ်ကိုစောင့်နေစဉ် သူ့အနားသို့ လူတစ်ယောက်ရောက်လာခဲ့လေသည်။

"မတွေ့တာကြာပြီနော်ကိုခွန်းသ။"

အသံပိုင်ရှင်ကိုကြည့်လိုက်မိတော့ မိုးညဖြစ်လို့နေသည်။ ခွန်းသမျက်လုံးတို့ မှေးကျဉ်းသွားကာ မျက်မှောင်ပါကျုံ့သွားလေတော့သည်။

မိုးညက မျက်နှာပေါ်တွင် နားလည်ရခက်ခဲသော အပြုံးတစ်ပွင့်ကို ဆင်မြန်းထားပြီး ပြောလာပြန်သည်။

"ကိုသွန်းခေတ်ရော?"

မိုးည၏ မေးခွန်းကြောင့် ခွန်းသ ဟက်ခနဲ ရယ်လိုက်မိလေသည်။

"သူ့ကိုထပ်ပြီး စိတ်ဆင်းရဲအောင်လုပ်အုံးမလို့လား?"

"မပြောတတ်ဘူးလေ။"

ခွန်းသသည် ဆိုင်ကယ်ကိုမှီထားရာမှ မတ်မတ်ရပ်လိုက်လေသည်။ ထို့နောက် မိုးညမျက်လုံးထဲသို့တည့်တည့်ကြည့်ကာ ပြောလာလေသည်။

"မင်းသူ့ကိုဒုက္ခပေးဖို့နည်းနည်းလေးတောင်မစဉ်းစားနဲ့။"

မိုးညကလည်း အေးစက်စွာပြန်ပြောလာလေသည်။

"အစ်ကို့အပူမပါဘူး။"

"သွန်းခေတ်က အစ်ကိုနဲ့ချစ်သူဖြစ်သွားပြီလေ။ အဲဒီတော့....သူ့ကိုသက်ရောက်မှုရှိတဲ့ကိစ္စတွေအကုန် အစ်ကိုနဲ့ဆိုင်တယ်။ သူ့ကို ဘယ်သူမှဒုက္ခမပေးနိုင်အောင် ကာကွယ်ပေးမှာ။"

မိုးညမျက်လုံးထဲတွင် မယုံကြည်နိုင်မှုများနှင့်အတူ ဒေါသများကိုလည်း တွေ့ရလေသည်။ သို့သော် မိုးညပြုံးလိုက်လေသည်။

"ကောင်းပြီလေ။ စောင့်ကြည့်ရသေးတာပေါ့။"

ပြုံးခွန်းသနှင့် မိုးညသည် တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေလျက်...
အသံတိတ်..အကြည့်ချင်းတိုက်ခိုက်နေကြသည့်အလား...

သွန်းခေတ်သည် စိတ်ကိုအတတ်နိုင်ဆုံး လျှော့ထားလိုက်ကာ ခွန်းသအနားသို့သွားလိုက်လေသည်။

"သွားရအောင်။"

"အင်း။"

သွန်းခေတ်ရောက်လာမှန်းသိသည်နှင့် ခွန်းသသည် မိုးညကို လျစ်လျူရှုလိုက်ကာ ဆိုင်ကယ်ပေါ်တက်၍ စက်နှိုးလိုက်လေသည်။ သွန်းခေတ်သည်လည်း မိုးညကို ဂရုပင်မစိုက်ဘဲ ဆိုင်ကယ်ပေါ်တက်ကာ ခွန်းသ ခါးကို ဖက်ထားလိုက်လေသည်။

Romance Is Dead (Completed)Onde as histórias ganham vida. Descobre agora