PART..45

16.6K 1.5K 125
                                    

With Zawgyi

နောက်တစ်နေ့ ကျောင်းကန်တင်းတွင်-

"သွန်းခေတ်အခြေအနေဘယ်လိုလဲ?"

မေလမင်းကမေးလာတော့ လွန်းက ပြန်ဖြေလာလေသည်။

"ငါတို့လည်း တတ်နိုင်သလောက်တော့ လိုက်ဖြေရှင်းထားတာပဲ။ သူလည်းမနေ့က အပြင်တွေဘာတွေထွက်လာတယ်။ ဒါပေမယ့် ငါတို့ကိုစကားလုံးဝမပြောဘူး။"

ထိုအချိန်တွင်ပဲ မေလမင်းတို့ထိုင်နေသော ဆိုင်ရှေ့သို့ ဆိုင်ကယ်တစ်စီးလာရပ်လေသည်။ ထိုဆိုင်ကယ်ကိုကြည့်လိုက်မိသည်နှင့် မေလမင်းတို့သုံးယောက်လုံး ကိုယ့်မျက်စိကိုယ်မယုံနိုင်ဖြစ်ကြရလေသည်။

"သွန်းခေတ်?"

မေလမင်းတစ်ယောက် ပြောစရာစကားများပင် ပျောက်ရှလျက်။ ထိုဆိုင်ကယ်ကိုမောင်းလာသူမှာ မိုးညဖြစ်ပြီး မိုးညအနောက်တွင်ထိုင်လိုက်လာသူမှာ သွန်းခေတ်ဖြစ်နေတာကြောင့်ပင်။

အကုန်လုံးအံ့အားသင့်ကာ ဆွံ့အနေကြပေမယ့် သွန်းခေတ်ကတော့ ဂရုစိုက်ဟန်မပြဘဲ သူတို့ဝိုင်းသို့တည့်တည့်လျှောက်လာလေသည်။

"သွန်းခေတ်...နင်..."

မေလမင်းစကားမဆုံးခင်မှာဘဲ သွန်းခေတ်က မိုးညလက်ကိုဆွဲလိုက်ကာ ပြန်ပြောလာလေသည်။

"ဒါက ငါ့ချစ်သူ...မိုးညတဲ့။ မင်းတို့လည်း သိပြီးသားဖြစ်လောက်မှာပါ။"

"သွန်းခေတ်!"

မေလမင်းအသံတစ်ချက်ကျယ်သွားပြီးမှ လူကြားသူကြားဖြစ်တာကြောင့် ပြန်ထိန်းလိုက်ရလေသည်။

"နင်ရူးသွားတာလား? ဒါမှမဟုတ် ကြောက်သွားတာလား?"

မေလမင်းစိတ်တိုလွန်းနေ၍ အသံတွေပင်တုန်ရီလျက်။ သို့သော် သွန်းခေတ်က ဘာမှမဖြစ်သလိုပင် အေးဆေးစွာတုန့်ပြန်လာလေသည်။

"ဘာမှမဖြစ်ပါဘူး။ ငါနည်းနည်းတွေဝေသွားတာ။ အခုတော့ ငါ့ခံစားချက်တွေကို ငါသိပြီ။"

"မင်းလိမ်နေတာ။ မင်းဘာတွေဖြစ်နေတယ်ဆိုတာ ငါတို့ကိုပြောလေ။ အဲဒီကောင်ကြောင့် ငါတို့အသုံးမကျတဲ့သူငယ်ချင်းတွေ အဖြစ်မခံနိုင်ဘူး။ မင်းကိုလည်း ဒီလိုအဖြစ်မခံနိုင်ဘူးသွန်းခေတ်။"

Romance Is Dead (Completed)Where stories live. Discover now