PART..32

16.2K 1.6K 73
                                    

With Zawgyi

Trip Day....

ထိုနေ့တွင် Shan familyက ဦးဆောင်၍ မုံရွာပတ်ဝန်းကျင်ရှိ ဘုရားမျိုးစုံကို လှည့်လည်၍ ဖူးမျှော်ကြလေသည်။ မဟာဗောဓိတစ်ထောင် ရပ်တော်မူရုပ်ပွားတော်ကြီး၊ မိုးညှင်းသံဗုဒ္ဓေ၊ ကျောက္ကာရွှေကူနီအပြင် ရွှေတောင်ဦးတို့ကို ဖူးမြော်ကြပြီးနောက် နောက်ဆုံးအနေနှင့် ဖိုလ်ဝင်တောင်သို့သွားရောက်ကြလေသည်။

ဖိုလ်ဝင်တောင်သည် ရှေးဟောင်းဘုရားများ... သဘာဝရှုခင်းများကိုမြင်နိုင်သည့်နေရာဖြစ်သည့်အပြင် ချစ်စရာမျောက်ကလေးများ၏ သဘာဝအလျောက်လွတ်လပ်စွာ ကျက်စားသောနေရာဖြစ်ပြန်သည်။ လာရောက်သော ခရီးသွားများကျွေးမွေးသော စားစရာများကိုစားသောက်၍ ဓာတ်ပုံအရိုက်ခံကြရသည်မှာလည်း သူတို့အလုပ်တစ်ခုပင်။ သို့ပေမယ့် အကျင့်လေ့တစ်ခုကလည်း ခရီးသွားတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေပြန်သည်။

ထိုနေရာသို့ Shan family အဖွဲ့သားများရောက်ရှိလာကြပြီးသည့်နောက် ဘုရားဖူးရင်း သဘာဝရှုခင်းများနှင့်အတူ ဓာတ်ပုံရိုက်ကြလေသည်။

မေလမင်းတို့ကတော့ ဓာတ်ပုံတွေအပီအပြင်ရိုက်နေကြပေမယ့် သွန်းခေတ်ကတော့ ရှုခင်းကိုသာငေးမောကာ လွမ်းဆွေးနေပြန်သည်။ တစ်နေရာကနေ တစ်နေရာသို့ပါလာအောင် မနည်းဂရုစိုက်ခေါ်ရသည်။ ဟာသတွေလုပ်ကာ ပေါပြနေသော်လည်း ပေါတုန်းခဏသာ ဟီးခနဲရယ်၍ ခဏနေပြန်မှိုင်သွားပြန်သည်။

ဘယ်လိုပဲ ပျော်အောင်လုပ်လုပ် ပျော်မလာသော ရေခဲတုံးဖြစ်နေရှာသော သွန်းခေတ်ကိုကြည့်ရင်း မေလမင်းတို့ စိတ်မကောင်းဖြစ်ရပြန်သည်။ ခွန်းသ ကတော့ ရှုခင်းပုံတွေလိုက်ရိုက်နေတာနဲ့တင် သူ့ဘာသာသူအလုပ်ရှုပ်လျက်။

ဤသို့ဖြင့် လည်ရင်းလည်ရင်း သူတို့အုပ်စုသည် တခြားလူများနှင့်ကွဲကွာသွားတော့သည်။ သို့ပေမယ့် တစ်ခါရောက်ဖူးသော မေလမင်းက လမ်းပြသဖြင့် သူတို့အုပ်စု အပြန်လမ်းသို့ ရောက်လာကြလေသည်။

"ဒီနားမှာမျောက်တွေတော်တော်များတယ်နော်။"

မေလမင်းကပြောလာတော့ ရှိုင်းက ခေါင်းငြိမ့်သည်။

Romance Is Dead (Completed)Where stories live. Discover now