PART..23

15.4K 1.6K 29
                                    

With Zawgyi

"ဟင်း.."

ဝင်သက်ထွက်သက်တို့ကို ခက်ခက်ခဲခဲရှူနေရင်း အိပ်ရာပေါ်တွင် ရှိုင်းဆက် လူးလိမ့်နေမိလေသည်။ သူ့စိတ်တို့ အခန့်မသင့်တိုင်း မက်လေ့ရှိသော အိပ်မက်ဆိုးတို့သည် ယခုလည်း သူ့ကိုနှိပ်စက်နေပြန်သည်။

အိပ်မက်ထဲတွင် သူက မှောင်မဲနေသောအခန်းတစ်ခုထဲတွင် ရောက်နေလေသည်။ တံခါးကော ပြူတင်းပေါက်များကိုပါ ဖွင့်ကြည့်ပေမယ့် လုံးဝဖွင့်၍မရ။ ရှိုင်းအလန့်တကြားနှင့် အခန်းမီးကိုဖွင့်သော်လည်း ဖွင့်မရ။ မှောင်နေခြင်းကြောင့် ရှိုင်းဆက်အသက်ရှူတွေလည်း ကြပ်နေပြီး မောလည်း မောဟိုက်နေရှာသည်။ထိုခလုတ်ကို အကြိမ်ပေါင်းများစွာနှိပ်ပြီးသည့်နောက် မီးလည်းပွင့်လာရော အခန်းထဲတွင် ရှိနေသည်မှာ သူတစ်ယောက်တည်းမဟုတ်ကြောင်း သိလိုက်ရလေသည်။ ဆံပင်ဖားလျားချထားသော မိန်းမတစ်ယောက်က အခန်းထောင့်တစ်ခုတွင် မတ်တပ်ရပ်လို့နေသည်။ ထိုမိန်းမက ရှိုင်းဆက်အနားသို့ တဖြည်းဖြည်းတိုးကပ်လာလေသည်။

"မလာနဲ့!!"

တံခါးဆီသို့ ပြေးသွားလိုက်ပြီး တံခါးကိုဖွင့်နေမိသော်လည်း အချည်းအနှီးသာ။ ထိုမိန်းမက ဖြည်းဖြည်းချင်းလာနေရင်း ရုတ်တရက် လျင်မြန်စွာသူ့ဆီသို့ပြေးလာလိုက်စဉ် သူ့အိပ်မက်မှလန့်နိုးလာတော့သည်။

လန့်နိုးလာတော့လည်း စောင့်မျှော်နေသော အမှောင်ထုကြောင့် ရှိုင်းဆက်ပိုလန့်နေမိသည်။ နှလုံးခုန်သံတို့လည်း အဆမတန်မြန်နေပြီး အလွန်မောဟိုက်နေရှာလေသည်။ ခြေလက်တို့လည်း ထုံကျဉ်နေပြီး ကြောက်လန့်မှုကိုလည်း သူခံစားနေရလေသည်။

မောနေသည့်ကြားက ရှိုင်းဆက်ထထိုင်လိုက်ကာ အနားတွင်အဆင်သင့်ထားရှိသော ရေဘူးထဲမှရေကို ဖြည်းဖြည်းချင်းသောက်ကာ အမောဖြေနေမိလေသည်။

"ဟင်း..."

သက်ပြင်းတစ်ချက်နှင့်အတူ မောပန်းခြင်းများ ပါသွားပေမယ့် ကြောက်လန့်ခြင်းကတော့ ထွက်သွားဖို့အစီအစဉ်ရှိပုံမပေါ်။ ခါတိုင်းတစ်ယောက်တည်းနေစဉ်က မီးထဖွင့်လေ့ရှိသော်လည်း အခုအချိန်မှာတော့ လွန်းနှင့်ထပ်မံမသတ်ချင်တာကြောင့် ဓာတ်မီးကိုသာ အပေါ်ဘက်သို့ထောင်၍ ဖွင့်ထားလိုက်လေသည်။

Romance Is Dead (Completed)Where stories live. Discover now