Halloween Special(Part-6)

819 74 6
                                    

Zawgyi
တစ်ပတ်ကြာပြီးသည့်နောက် လကုန်ရက်သို့ရောက်လာခဲ့သည်။ လူအများလစာထုတ်ရက်လည်းဖြစ်သလို လအဟောင်းကုန်ဆုံးသောနေ့ဖြစ်သော်ငြား မကောင်းဆိုးဝါးများကတော့ တစ်လအတွင်းလုပ်သမျှအပြစ်တို့အတွက် ပြစ်ဒဏ်ခံရမည့်နေ့ဖြစ်ချေသည်။

ထိုနေ့တွင် သူရိန်သည် ရှပ်အင်္ကျီလက်ရှည်အနက်ရောင်နှင့် ဂျင်းပြဲအနက်ရောင်ကိုဝတ်ဆင်ထားသည်။ ဘွတ်ဖိနပ်ကိုတော့ အဖြူရောင်စီးထားပြီး ဦးထုပ်လျှာတွင် သံကြိုးတစ်ခုတွဲလောင်းချိတ်ထားသော လျှာထိုးဦးထုပ်အနက်ရောင်ကိုလည်း ဆောင်းထားသည်။ ဖြူဖွေးနေသော အသားအရည်သည် အနက်ရောင်နှင့် အလွန့်အလွန်လိုက်ဖက်လျက်ရှိသည့်အပြင် အင်္ကျီအောက်ခြေကိုလည်း ခါးကြားထဲသေသပ်စွာထိုးထည့်ထားတာကြောင့် ခြေတံရှည်တို့သည်လည်း ပိုမိုပေါ်လွင်နေသည်။

ပဲများလွန်းနေသောညီဖြစ်သူကိုကြည့်ရင်း တိမ်ရောင်စဉ်ပင် မျက်စိစူးကာ မျက်မှောင်ကြုတ်လိုက်မိသည်။

"မင်းက မကောင်းဆိုးဝါးအဖွဲ့အစည်းကို ပြစ်ဒဏ်သွားနာခံမှာလား။ သွားချိန်းတွေ့မှာလား?"

သူရိန်သည် ထိုမေးခွန်းကို ပြုံးစိစိနှင့် ပြန်ဖြေလာလေသည်။

"တစ်ခါတည်း ချိန်းတွေ့ရရင်တော့ကောင်းတာပေါ့ဗျာ။"

အသက်ရာချီ ထောင်ချီနေကြရတာကြောင့် ဒဏ်ငွေလောက်နှင့် မဖြုံတော့သော မကောင်းဆိုးဝါးများသည် နားကန်းလောက်သည်အထိ တရားထိုင်ဟောခြင်းကိုတော့ ကြောက်ကြလေ့ရှိသည်။

သူရိန်သည် မကောင်းဆိုးဝါးအဖွဲ့အစည်းသို့ရောက်သည်နှင့် သူတွေ့ဆုံခဲ့သော ထိုလူကြီးကိုရှာသည်။ သို့သော် ဘယ်နေရာမှာမှမတွေ့ချေ။

"မောင်လေး ဘယ်သူ့ကိုရှာနေတာလဲဟင်။"

မိန်းမလှလေးတစ်ဦးက မေးလာတော့ သူရိန်က ခပ်ပြုံးပြုံးဖြေသည်။

"ဟို... မုတ်ဆိတ်တွေနဲ့ အသားညိုညိုနဲ့ဦးလေးကြီးရှိလားဗျ။ သူက Demon Hunterပါ။"

ထိုစကားကိုကြားသည်နှင့် ခပ်လှလှစုန်းမလေးသည် သူမပါးစပ်ကို လက်နှင့်ခပ်ဖွဖွကာလိုက်ကာ အံ့သြသွားဟန်ပြုရင်း တစ်ခစ်ခစ်ရယ်လေသည်။

Romance Is Dead (Completed)Where stories live. Discover now