PART..7

21.4K 2K 39
                                    

With Zawgyi

လက်ကောက်ဝတ်ကို ဓားနှင့်ဖြတ်ရန်ရွယ်လိုက်စဉ် အခန်းတံခါးကပွင့်လာလေသည်။ ထို့ကြောင့် သူ့ဓားကိုအမြန်ဝှက်လိုက်လေသည်။ အခန်းထဲဝင်လာသူက အခန်းမီးကိုဖွင့်လိုက်ပြီး ပြောလာလေသည်။

"အခန်းထဲမှာတစ်ယောက်တည်းဘာတွေလုပ်နေတာလဲ? အိပ်တော့မလို့လားရှိုင်းဆက်သွင်။"

အခန်းမီး၏အလင်းရောင်ကြောင့် ကျိန်းစပ်သွားသော မျက်လုံးတို့ကို မီးရောင်နှင့်အသားကျအောင်ပြုလုပ်ရင်း အိပ်နေရာမှထထိုင်လိုက်လေသည်။

"မဟုတ်ပါဘူး။ မင်းဘာလာလုပ်တာလဲ?"

နိုင်စစ်မင်းက ထိုင်ခုံတစ်ခုကိုဆွဲကာထိုင်လိုက်လေသည်။

"မင်းကထူးဆန်းတယ်နော်။ တစ်ခါတလေကျတော့သွက်ပြီးတစ်ခါတလေ တော်တော်အေးတယ်နော်။"

"အင်း..ငါ့အကျင့်ပါ။"

"ငါပြောစရာရှိလို့။ နောက်တစ်ဖြတ်ငါမင်းနဲ့လာနေချင်လို့လေ။ မင်းကတစ်ယောက်တည်းနေတာဆိုတော့။"

"ငါ..အဆင်မပြေလောက်ဘူး။ ငါက အခန်းဖော်နဲ့မနေတတ်လို့။"

"ဟမ်..ထူးဆန်းလိုက်တာ။ မင်းကပေါင်းသင်းဆက်ဆံရေးကောင်းပါတယ်။ ကိုခွန်းသက အရမ်းအသန့်ကြိုက်တော့ ငါ့အကျင့်နဲ့ဆိုအဆင်မပြေလို့ပါကွာ။ ကြာလာတော့ သူ့ကိုအားနာလာပြီ။"

နိုင်စစ်မင်း၏ခေါင်းကို ရှိုင်းဆက်သွင် ဖတ်ခနဲမြည်အောင် ရိုက်ပစ်လိုက်လေသည်။

"မင်းအကျင့်လေးကိုပြင်လေ။"

နိုင်စစ်မင်းကတော့ နာသွားသောနေရာကိုပွတ်လိုက်ရင်း မျက်နှာကြီးရှုံ့မဲ့ကာပြောလာလေသည်။

"မင်းငါနဲ့တကယ်မနေချင်ဘူးလား?"

"မနေချင်ဘူး။"

"ဒါဆိုလည်း ငါသွားတော့မယ်။"

"အမြန်သာကြွ.."

ပွစိပွစိပြောရင်း အခန်းထဲမှထွက်သွားသော နိုင်စစ်မင်းကိုကြည့်ရင်း ရှိုင်းသက်ပြင်းချမိသည်။ တကယ်တမ်းတော့ သူ့ဘဝဟာ သူများတွေထင်ထားသလိုမဟုတ်ခဲ့ပါ။

Romance Is Dead (Completed)Where stories live. Discover now