PART..38

16.5K 1.5K 88
                                    

With Zawgyi

လွန်းအိမ်သို့ရောက်သော် အိမ်တံခါးလာဖွင့်ပေးသူက ဇန်ဇန်... လွန်းမျက်မှောင်ကျုံ့သွားမိသည်။

ဧည့်ခန်းထဲရောက်သည်နှင့် လွန်းက ဆိုင်ကယ်သော့ကို စားပွဲပေါ်သို့ပစ်ချလိုက်ကာ ပြောလာလေသည်။

"ဇန်ဇန်..ကျောင်းမသွားပြန်ဘူးလား?"

ဇန်ဇန်က ရယ်သည်။

"ကိုကိုကလည်းဗျာ.. ဒီနေ့က တနင်္ဂနွေနေ့လေ။ ကျောင်းပိတ်သွားတာနဲ့မသိတော့ဘူးလား? နောက်ဆိုလာမယ်ဆိုကြိုပြော။ တော်ကြာနေ အိမ်ရှေ့ငုတ်တုတ်ထိုင်နေရမယ်။"

ထိုအချိန်မှ လွန်းခေါင်းတငြိမ့်ငြိမ့်နှင့် ဖြစ်သွားလေသည်။ ရှိုင်းကတော့ ဧည့်ခန်းကို ကြည့်ရှုအကဲခတ်လျက်ရှိလေသည်။ လွန်းတို့အိမ်သည် ကြည့်တာနှင့် ခေတ်ဆန်မှန်းသိသာလောက်အောင် နိုင်ငံခြားဒီဇိုင်းများ... ခေတ်မီအပြင်အဆင်များနှင့် ဆင်ယင်ထားကြောင်း ရှိုင်းသတိထားမိလေသည်။

"ရှိုင်းဆက်... ဒီမှာလာထိုင်။"

လွန်းက ရှိုင်းကိုခေါ်လိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်ရန်ပြောလာလေသည်။

"အင်း.."

လွန်းဘေးမှာ ရှိုင်းသွားထိုင်လိုက်တော့ လွန်းက ဆက်ပြောလာလေသည်။

"ရှိုင်း... ဒါက ငါ့ညီ... ရှားဆက်ဇန်တဲ့။ ဇန်ဇန်လို့ပဲခေါ်။ ဇန်ဇန်... ဒါက ကိုကို့သူငယ်ချင်း... ရှိုင်းဆက်သွင်။"

လွန်းကမိတ်ဆက်ပေးတော့ ဇန်ဇန်က ချက်ချင်း ရှိုင်းဘေးနားမှာလာထိုင်လေသည်။

"ကိုရှိုင်းဆက်... ကျွန်တော့အစ်ကိုကို စောင့်ရှောက်ပေးပါအုံး။ ကျွန်တော့အစ်ကိုက ကြောင်တောင်တောင်နဲ့ ဦးနှောက်ကလည်း သိပ်ပြည့်တာမဟုတ်ဘူးလေ။ အစ်ကိုလည်းသိမှာပါ။"

ဇန်ဇန်စကားများကိုကြားသည်နှင့် လွန်းက နေရာမှ ချက်ချင်းထကာ အလယ်က ရှိုင်းကိုကျော်လျက် ခြေတံရှည်ကြီးနှင့် ဇန်ဇန့်ကိုလှမ်းကန် လေသည်။ ဇန်ဇန်ကလည်း အမြန်ရှောင်လိုက်ရင်း တဟားဟားနှင့်ရယ်နေပြန်သည်။

"မင်းတော့သေတော့မယ်နော်ဇန်ဇန်။"

လွန်းက လက်ညိုးထိုးကာ ကြိမ်းလေတော့ ဇန်ဇန်က သူမဟုတ်သလို စကားလမ်းကြောင်းလွှဲလာပြန်သည်။

Romance Is Dead (Completed)Where stories live. Discover now