PART..36

17.4K 1.6K 170
                                    

With Zawgyi

"မေလမင်း!!!"

ရှိုင်းက လှမ်းခေါ်လိုက်တာကြောင့် လမင်းကလည်း လက်လှမ်းပြလိုက်လေသည်။ ထို့နောက် လွန်းတို့ဘက်လှည့်ကာ ပြောလာလေသည်။

"ခန်းမထဲဝင်ရအောင်။ ရှိုင်းက နေရာဦးထားပေးတယ်ထင်တယ်။"

ရှိုင်းက သူတို့နားကိုပြေးလာရင်း လာပြောလေသည်။

"နင်တို့အတွက် နေရာဦးထားပေးတယ်။ ဒီအပေါက်ကဝင်သွားလိုက်။ ငါဒီမနက်ကဝတ်သွားတဲ့အနွေးထည်ကို မှတ်မိတယ်မလားလွန်း။ အဲ့နားမှာရှာကြည့်လိုက်။ အဲ့အင်္ကျီရှိတဲ့ထိုင်ခုံရယ်။ ဘေးကနှစ်ခုံရယ်။ အခုက အစီအစဉ်(၁၀) ရှိနေပြီ။ ငါက (၁၅)... အခု အဝတ်သွားလဲလိုက်အုံးမယ်။"

ရှိုင်းတစ်ယောက် သူမဟုတ်သည့်အတိုင်း ရေပက်မဝင်ပြောသွားပြီးနောက် စင်အနောက်ဘက်သို့ ထွက်သွားလေတော့သည်။

"ဒီနေ့တော်တော်ပျော်နေတဲ့ပုံပဲ။"

မေလမင်းကပြောလာတော့ လွန်းရယ်လိုက်ရင်း-

"အေး...မနက်လည်း စောစောမထစဖူး ထတယ်။"

ဟုပြန်ပြောလာလေသည်။ ထို့နောက် သူတို့သုံးယောက်လုံးခန်းမထဲတွင် နေရာယူလိုက်ကြလေသည်။

နာရီဝက်ကြာသော် MCက ကြေညာပေးလေသည်။

"အခုဖျော်ဖြေမှာကတော့ Deep Breathပဲဖြစ်ပါတယ်။"

ရှိုင်းကသည့်အကမှာ Kaiရဲ့ Deep Breath ဖြစ်လေသည်။

မေလမင်းကတော့ ဗီဒီယိုရိုက်ရန်ပြင်လိုက်လေသည်။

ထို့နောက် စင်ပေါ်သို့ ရှိုင်းဆက် တက်လာလေသည်။ အင်္ကျီအဖြူရောင်လက်ရှည် ခပ်ပွပွနှင့် ဘောင်းဘီကတော့ ဂျင်းအနက်အရှည်ဖြစ်လေသည်။ တည်ငြိမ်ကာ အေးဆေးသည့်ပုံစံမျိုးဖြစ်နေပေမယ့် လိမ်းထားသည့်မိတ်ကပ်ကြောင့်ရော... အဝတ်ကြာင့်ပါ.. တော်တော်လေး Sexyကျနေပါသည်။

စင်ပေါ်တွင်ရပ်လိုက်သည်နှင့် ရှိုင်းဆက် ချက်ချင်း mood ဝင်သွားလေသည်။ ထို့နောက်... အသက်ဝင်စွာ.. စိတ္တဇဆန်စွာ... ဆွဲဆောင်မှုရှိစွာကသွားလေသည်။ အချိန်ခဏလေးပဲဖြစ်ပေမယ့် ပွဲခင်းတစ်ခုလုံးငြိမ်ကျသွားသည်အထိ ဆွဲဆောင်နိုင်လွန်းလှသည်။ ရှိုင်းကပြီးလို့ ဦးညွှတ်နှုတ်ဆက်လိုက်တော့မှ လက်ခုပ်သံများကျယ်လောင်စွာပေါ်ထွက်လာတော့သည်။

Romance Is Dead (Completed)Where stories live. Discover now