PART..8

20.4K 1.8K 95
                                    

With Zawgyi

ရှိုင်းဆက် နိုးထလာလို့ မျက်လုံးတို့ကိုဖြည်းဖြည်းချင်းဖွင့်လိုက်မိတော့ စူးလွန်းတဲ့အလင်းရောင်ကြောင့် မျက်လုံးတို့ကို ပြန်မှိတ်လိုက်မိပြန်သည်။

"သတိရလာပြီလား?"

နားတွေအူထွက်နေသည့်ကြားက ကြားလိုက်ရသည့်အသံခပ်တိုးတိုးကြောင့် မျက်လုံးတို့ကိုမဖွင့်နိုင်သေးသည့်ကြားက ခေါင်းကိုအသာငြိမ့်လိုက်လေသည်။ သူပထမဆုံးခံစားရတာက ခေါင်းမူးခြင်း... ထို့နောက် အားပြတ်ခြင်း...ထို့နောက် ဆာလောင်မှု... လည်ပင်းတွေခြောက်ကာ အသံမထွက်နိုင်သည့်ကြားက သူရေတောင်းမိသည်။

"ရေ..."

"ရေသောက်ချင်လို့လား...ခဏလေးနော်။ အစ်ကိုသွားဝယ်လိုက်အုံးမယ်။"

ထိုအသံကြားလိုက်တော့မှ အသံပိုင်ရှင်သည် ခွန်းသမှန်း ရှိုင်းဆက်သိလေသည်။ သူ ခွန်းသကို ဒုက္ခပေးမိပြန်ပြီ။ သူဆေးရုံဆေးခန်းတို့သွားရတိုင်း လိုက်ပို့ပေးနေကျလူက ခွန်းသ။ အဲဒီလိုဖြစ်ဖို့သူမရည်ရွယ်။ ခွန်းသကလည်း သူနဲ့သိပ်မခင်။ သို့သော် သူတစ်ခုခုဖြစ်တိုင်း နိုင်စစ်မင်းပြေးပြေးခေါ်လိုက်သူက ခွန်းသ။ သို့သော် ခွန်းသတစ်ချက်မှမငြူစူခဲ့။ အမြဲတမ်းစိတ်ရင်းနှင့် ကူညီပေးခဲ့သည်ချည်း။ အဲဒါကြောင့် သူခွန်းသကို ကျေးဇူးလည်းတင်မိသည်။ ခင်လည်းခင်မိသည်။ စိတ်ထဲတွင်လည်း ပိုရင်းနှီးချင်နေမိလေသည်။
ခဏလောက်နေတော့ ခွန်းသပြန်ရောက်လာလေသည်။

"ရေဝယ်လာခဲ့ပြီ။ ညီလေး ထနိုင်လား?"

သူခေါင်းခါလိုက်သည်။ တကယ်လည်းမထနိုင်ပါ။ ထို့ကြောင့် ခွန်းသက သူ့ခေါင်းကိုအသာမပေးကာ လက်တစ်ဖက်ဖြင့် ထိန်းပွေ့ထားလိုက်လေသည်။ ထို့နောက် အခြားတစ်ဖက်ဖြင့် ရေဘူးကို ရှိုင်းဆက်နှုတ်ခမ်းဝသို့ တေ့ပေးကာ ရေသောက်နိုင်အောင် ကူညီပေးလေသည်။ ထို့နောက် ရှိုင်းဆက်ကို ပြန်လှဲနိုင်အောင် ကူညီပေးလေသည်။

"မင်းအသားတွေပူခြစ်နေတာပဲ။ ဖျားပါဖျားသွားတယ်ထင်တယ်။ ဆရာဝန်က ဆေးတော့သွင်းပေးထားတယ်။ ဗိုက်ဆာနေပြီမလား? နိုင်စစ်မင်းက ဆေးရုံတက်ဖို့လိုအပ်တာတွေနဲ့ မင်းစားဖို့ တစ်ခုခုသွားဝယ်နေတယ်။"

Romance Is Dead (Completed)Wo Geschichten leben. Entdecke jetzt