PART..43

17.7K 1.6K 355
                                    

With Zawgyi

"အဲဒါ တမင်ဝင်တိုက်သွားတာ။ အသိအသာကြီးဟာ..."

မေလမင်းက ထိုကောင်လေးကို လိုက်ကြည့်နေရင်း ပြောလာတော့ သွန်းခေတ်က ပြန်ပြောလိုက်လေသည်။

"ထားလိုက်ပါဟာ။"

သွန်းခေတ်ကိုတိုက်သွားသော ကောင်လေး၏ နှုတ်ခမ်းပေါ်တွင်တော့ ဗီလိန်ဆန်ဆန်အပြုံးတစ်ပွင့်...

.....အစ်ကိုက ကျွန်တော့အတွက်ပဲ.....

အတွင်းဆောင်တွင်-

လွယ်အိတ်ကို အိပ်ရာပေါ်ပစ်ချလိုက်ပြီးနောက် အိတ်ကပ်ထဲမှဖုန်းကိုထုတ်ကာ ဖွင့်လိုက်လေသည်။

ဖုန်းwallpaper တွင်တော့ သွန်းခေတ်ပုံလေး..
Galleryဖွင့်လိုက်တော့လည်း သွန်းခေတ်ပုံများဖြင့်သာ ပြည့်နှက်နေလေသည်။

သူပြုံးလိုက်မိသည်။ ခပ်ထူထူနှုတ်ခမ်းတစ်စုံက ဆွဲဆောင်မှုရှိစွာကွေးညွတ်သွားလေသည်။

မျက်နှာခပ်ရှည်ရှည်... အနည်းငယ်ကျယ်သောမျက်ဝန်းနှင့် အမြဲတမ်းကွေးညွတ်ထားသော မျက်ခုံးထူထူတို့က သူ့မာနကို အနားသတ်သည်။

ဆံပင်တိုတိုအညိုရောင်ကို Gelနှင့် အပေါ်သပ်တင်ထား၍ အနည်းငယ်ဖွထားပြီး ဘေးဆံပင်များကိုတော့ တိုကပ်နေအောင် ရိတ်ထားလေသည်။

ညာဘက်နားရွက်အလယ်လောက်တွင်ဖောက်၍ တပ်ထားသော နားကွင်းတစ်ခုက သူ့သင်္ကေတ...

The Nunတို့... Candymanတို့လို Horror movieတွေက သူ့အကြိုက်... အမှောင်ကို သူသဘောကျသည်။ ဘာသာတရားဆိုတာ သူ့မှာမရှိ။ ကြင်နာသနားတယ်ဆိုတာ သူ့အတွက်တော့ဟာသ။ နာကျင်စေရတာတွေကို သူသဘောကျသည်။ သူကိုယ်တိုင်နာကျင်ရတာကိုလည်း ကြိုက်သည်။ တစ်စစီပြိုကွဲသွားပြီးတဲ့သူ့ဘဝကြီးကလည်း သူ့အတွက်အဖိုးမတန်။ အသက်ရှင်နေရတဲ့ရည်ရွယ်ချက်က သူ့ကိုခံစားရစေတဲ့သူတွေကို လက်စားချေချင်ရုံသက်သက်။ မိုးည... သူနာမည်ကအစ သူ့ခေါင်းအစခြေအဆုံး သူ့ကိုယ်သူမုန်းသည်။ သို့ပေမယ့် အရာအားလုံးကို မုန်းနေတဲ့သူက သွန်းခေတ္တရာဆိုသည့်ကောင်လေးကိုမှ ချစ်သည်။

သူကျောင်းစတက်သောနေ့က တွေ့လိုက်ရသော သွန်းခေတ်၏အပြုံးလေးကို သူလုံးဝမေ့မရ။ သူ့ဘဝကြီးအတွက်အလင်းရောင်လေးလို လှပလွန်းသည်။ ထိုအလင်းရောင်လေးကိုရဖို့ သူဘာပဲလုပ်ရလုပ်ရလုပ်မည်။ သတ်ပြီးမှသိမ်းထားလို့ရမည်ဆိုလျှင်တောင် ချစ်လွန်း၍ သိမ်းထားမည်။ သွန်းခေတ်ကိုပိုင်ဆိုင်ရဖို့ သွန်းခေတ်ကမ္ဘာကို ဖျက်ဆီးသင့်လျှင်ဖျက်ဆီးမည်။ အဲဒီလောက်အထိ သူချစ်သည်။ စွဲလမ်းသည်။

Romance Is Dead (Completed)Where stories live. Discover now