PART..19

15.5K 1.6K 28
                                    

With Zawgyi

"ဟမ်..."

ကိုယ့်အဖြစ်ကိုယ်သတိထားမိလိုက်သော သွန်းခေတ်တစ်ယောက် အရှက်လွန်ကာ ပုဆိုးကိုအမြန်ကောက်ဝတ်လိုက်ပြီး ခေါင်းကြီးငုံ့ကာ အခန်းထဲမှ ထွက်ပြေးပါတော့သည်။ ဘယ်ကိုပြေးနေမိမှန်း သွန်းခေတ်ကိုယ်တိုင်တောင်မသိပါ။ သို့ပေမယ့် သူ့ခြေလှမ်းများရပ်တန့်သွားသောနေရာက အဆောင်ရှေ့ဖြစ်လို့နေသည်။ သူအဆောင်အပြင်အထိ ထွက်ပြေးလာမိတာပဲ။

သို့သော်... ထိုအဖြစ်အပျက်ကိုပြန်တွေးမိလိုက်သည့် တစ်ခဏ ဆောင့်ကြောင့်ထိုင်ချကာ လက်နှစ်ဖက်နှင့် ဆံပင်များကိုထိုးဖွနေမိလေသည်။ ပထမဦးဆုံးနေ့မှာပဲ သူဘယ်လိုတောင် တလွဲတချော်တွေလုပ်လိုက်မိတာပါလိမ့်။ ထိုအချိန်တွင် သူ့ပုခုံးပေါ် လက်တစ်ဖက်ရောက်လာလေသည်။

"စိတ်မပျက်ပါနဲ့။"

မော့ကြည့်လိုက်တော့ လွန်းဖြစ်နေလေသည်။

"မင်းဘယ်လိုရောက်လာတာလဲ?"

"ငါအစအဆုံးမြင်တယ်လေ။ အဲဒါကြောင့် လိုက်လာတာ။"

သွန်းခေတ်က သူ့ဆံပင်တို့ကို ပိုမိုရှုပ်ပွသွားအောင် ခပ်ကြမ်းကြမ်းဆွဲဖွပစ်လိုက်ရင်း ပြောလာလေသည်။

"ငါလည်း သူ့ရှေ့ရောက်ရင် ဘယ်လိုဖြစ်သွားမှန်းမသိဘူးလွန်းရာ။"

"မင်းကြောက်နေလို့နေမှာပေါ့။ သူ့ရှေ့ရောက်ရင် အသက်ကိုဖြည်းဖြည်းချင်းရှူထုတ်လိုက်။ စိတ်ကိုငြိမ်အောင် အရင်ထား။ အခုဟာက မင်းသူနဲ့မရင်းနှီးသေးလို့ပါ။ ရင်းနှီးသွားရင် နေသားကျသွားမယ်လို့ငါထင်တယ်။"

လွန်းက အတည်ပေါက်ကြီးနှင့်ပြောနေလေတော့ သွန်းခေတ်က မရိုးတော့ဘူးဟူသော အကြည့်ဖြင့်ကြည့်လာလေသည်။

"လိုင်းပေါ်ကတွေ့တာပါကွာ။ မင်းအဲလိုအမြဲတမ်းဖြစ်နေတော့ ဖြေရှင်းဖို့ နည်းလမ်းကိုရှာကြည့်ထားတာ။ ဘာလို့ငါ့ကို အဲလိုလာကြည့်နေတာလဲ?"

လွန်းက မျက်မှောင်ကြီးကျုံ့ကာပြောလာတော့မှ သွန်းခေတ်သက်ပြင်းချရှာသည်။

"အေးပါ။ ငါကြိုးစားကြည့်မယ်။"

"ဟုတ်ပြီ။ မင်းဘာမှကြောက်နေစရာမလိုပါဘူး။ သတ္တိရှိစမ်းပါကွာ။"

Romance Is Dead (Completed)Where stories live. Discover now