PART..52

16.9K 1.3K 47
                                    

With Zawgyi

''ဒါက ဒီပုံသေနည်းကိုသုံးရမှာ။ ဒီပုစ္ဆာမျိုးဆိုရင်...''

ခွန်းသရှင်းပြသမျှကို သွန်းခေတ်နားထောင်ရန်ကြိုးစားသော်လည်း သူ့အကြည့်တို့သည် ခွန်းသမျက်နှာ၌သာ တည်နေလျက်။ သူအကြည့်တို့ကိုမလွှဲနိုင်။

ခွန်းသသည်လည်း အားပါးတရစာရှင်းပြနေရင်းမှ သွန်းခေတ်ကိုကြည့်လိုက်မိလေတော့ မေးလေးထောက်ကာ သူ့ကိုပြုံးကြည့်နေသော သွန်းခေတ်ကိုမြင်လိုက်ရလေသည်။ သူလှည့်လာတော့မှ သွန်းခေတ်သည်လည်း ရှက်ကိုးရှက်ကန်းဖြစ်သွားကာ တစ်ဖက်သို့လှည့်သွားလေသည်။ ထိုအပြုအမူကြောင့် ခွန်းသရယ်လိုက်မိကာ သွန်းခေတ်ခေါင်းလေးကိုဘောပင်လေးနှင့်ခေါက်လိုက်မိတော့ ထိုကလေးက မျက်မှောင်လေးကျုံ့ကာ ပြန်လှည့်ကြည့်လာလေသည်။ သွန်းခေတ်ပါးပြင်လေးကို ရွှတ်ခနဲမြည်သွားအောင်နမ်းလိုက်ပြန်တော့ သွန်းခေတ်ပါးပြင်လေးရဲသွားကာ ခေါင်းလေးငုံ့သွားပြန်သည်။ ခွန်းသသည် သွန်းခေတ်ပါးဖောင်းဖောင်းလေးကိုဆွဲညစ်လိုက်ပြန်ကာ ပြောလိုက်လေသည်။

''ချစ်သူတွေတောင်ဖြစ်နေပြီ။ ဘာလို့အဲဒီလောက်ရှက်နေသေးတာတုန်းကလေးရဲ့။''

ထိုအကြောင်းရင်းကို သွန်းခေတ်မသိပါ။ သူနှင့် ခွန်းသသည်ချစ်သူများ ဖြစ်နေကြပြီဖြစ်သော်လည်း သူ့ရင်ခုန်သံတို့ကို ရပ်တန့်၍မရနိုင်။ ထိန်းချုပ်၍လည်းမရနိုင်မြဲ။ ခွန်းသကို တစ်ဖက်သတ်ခိုးချစ်ရသည့်အချိန်ကလိုပင် ခွန်းသသည် ခန့်ညာချောမောလွန်းနေမြဲ။ သူ့ကိုသတိများလွတ်သွားစေမြဲပင်။ ခွန်းသ၏အပြုအမူတို့ကို သူအတော်လေးရင်းနှီးနေခဲ့ပြီ ဖြစ်ပေမယ့် တစ်ခါတလေတွင်တော့ ရင်ခုန်သံများသည် အတိုင်းအဆမဲ့မြည်ဟည်းနေမြဲပင်။

သွန်းခေတ်သည် သူ့ဘဝတစ်ခုလုံးမြှုပ်နှံရာ ထိုရင်ခွင်ထဲသို့တိုးဝင်လိုက်ပြီး သူချစ်မြတ်နိုးလွန်းရသော ထိုလူသားကိုတင်းကြပ်စွာဖက်ထားလိုက်လေသည်။

''မသိဘူးကိုကို။ ကိုကိုက ကျွန်တော့ကို ရူးသွပ်သွားစေနိုင်တုန်းပဲ။''

သွန်းခေတ်က ခွန်းသကို ဖက်လာတော့ ခွန်းသ တောင့်သွားရလေသည်။ သူလည်း သူ့စိတ်တို့ကို အတော်ထိန်းချုပ်နေရသည်မှာ ကြာပြီမို့။ သွန်းခေတ်ကို သူအသည်းယားသည်။ သွန်းခေတ်ကိုယ်လုံးလေးကို အားရပါးရညစ်ပစ်ချင်သည်။ သွန်းခေတ်ပါးဖောင်းဖောင်းလေးများ၊ အသားအရည်ဖွေးဖွေးဥဥကို အနီရောင်အမှတ်များပေါ်သွားသည်အထိ ကိုက်ပစ်ချင်သည်။ သွန်းခေတ်နှုတ်ခမ်းလေးများကို အထိန်းအကွပ်မဲ့နမ်းပစ်ချင်သည်။ သွန်းခေတ်တစ်ကိုယ်လုံးကို သူ့အနမ်းတွေနှင့် တံဆိပ်နှက်ချင်မိသည်။ ထိုမှအလွန်ကိုတော့ သူဆက်မတွေးမိအောင် ထိန်းချုပ်ထားရသည်။ ခွန်းသ တံတွေးမြိုလိုက်မိသည်။ ထို့နောက် မျက်မှောင်ကျုံ့ကာ သွန်းခေတ်လည်ပင်းသားဖြူဖြူတို့မှ အကြည့်ကိုလွှဲလိုက်လေတော့သည်။

Romance Is Dead (Completed)Tahanan ng mga kuwento. Tumuklas ngayon