Halloween Special(Part-4)

918 73 2
                                    

Zawgyi
         ထိုနေရာတွင် ရှိုင်းတိတ်တိတ်ကလေး ထိုင်နေမိချိန်မှာပဲ သူ့အနားသို့တိုးကပ်လာသောခြေသံကိုကြားလိုက်ရတာကြောင့် ချက်ချင်းမတ်တတ်ထရပ်လိုက်မိလေသည်။

         ခိုးကြောင်ခိုးဝှက်ရောက်လာသူကိုမြင်တော့မှ ရှိုင်းစိတ်တိုတိုနှင့် အော်လိုက်မိလေသည်။

"မိုးည! မင်းရောက်လာလည်း အသံလေးဘာလေးမပေးတတ်ဘူးလား?"

         ထိုစကားကိုကြားတော့ မိုးညက ရယ်သည်။ သူဘယ်တုန်းကမှ ဘယ်သူ့ကိုမှသတိမပေးခဲ့ဖူးချေ။

"မုဆိုးက သားကောင်ကိုသတ်တော့မယ်လို့ သတိပေးတာကြားဖူးလား?"

"ငါကသားကောင်မှမဟုတ်။"

"ငါ့အတွက်တော့ သက်ရှိတိုင်းက သားကောင်ပဲ။"

         မိုးညသည် ပြောရင်းဆိုရင်း ရှိုင်းဆက်၏ဘေးတွင် ဝင်ထိုင်လာလေသည်။ ပေါင်းသင်းဆက်ဆံရေးကောင်းလွန်းသော ထိုကောင်လေးသည် လူတိုင်းနှင့်ခင်မင်ကာ မိန်းကလေးများအကြားတွင်လည်းရေပန်းစားသည်။

"မင်းကောင်မလေးနဲ့အချိန်သွားမဖြုန်းဘူးလား?"

"ငါပျင်းသွားလို့ဖြတ်လိုက်ပြီ။"

         မိုးည၏အဖြေကြောင့် ရှိုင်းစိတ်ပျက်စွာ နှာခေါင်းရှုံ့လိုက်မိသည်။ ထိုကဲ့သို့ လက်တွဲဖော်မတွေ့ခင် ခြေရှုပ်တတ်ကြသော မကောင်းဆိုးဝါးများကို တွေ့ဖူးသော်ငြား သူကိုယ်တိုင်က ခြေရှုပ်သူများကိုကြည့်မရသည်မို့။

"မင်းဆင်ခြင်သင့်တယ်။ ဒီအတိုင်းဆက်သွားနေရင် မင်းလက်တွဲဖော်နဲ့တွေ့တဲ့အခါ အဆင်မပြေဖြစ်လိမ့်မယ်နော်။"

         ရှိုင်းသတိပေးသော်ငြား မိုးညက အလေးအနက်မထားသလိုပြန်ဖြေလာလေသည်။

"ငါ့မှာ အဲဒီလိုမျိုးသူ ရှိလာမှာမဟုတ်ဘူး။ အဲဒါကြောင့် ငါက ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်သူနဲ့မဆို တွဲချင်သလိုတွဲလို့ရတယ်။"

         ထိုစကားကိုကြားလေတော့ရှိုင်းစိတ်မကောင်းဖြစ်သွားသည်။ မိုးညဖြစ်ခဲ့သောကိစ္စကို သူမသိခဲ့တာမဟုတ်။

Romance Is Dead (Completed)Where stories live. Discover now