PART..27

15.2K 1.7K 99
                                    

With Zawgyi

"ရှိုင်းဆက်သွင်... မင်းရူးနေတာလား!?"

ကုတင်ပေါ်ထိုင်ကာ လက်တစ်ခုလုံး သွေးအလိမ်းလိမ်းပေကျံနေသည်အထိ လက်ကို ဓားဖြင့်မွမ်းနေသော ရှိုင်းကိုမြင်လိုက်ရတာကြောင့် လွန်းလန့်သွားပြီး ရှိုင်းဆက်လက်ထဲမှ ဓားကို အမြန်ဆွဲလုလိုက်လေသည်။ ရှိုင်းဆက်က ထိုင်နေရာမှထကာ လွန်းလက်ထဲမှ ဓားကို ပြန်လိုက်လုလေသည်။

"လွန်းမာန်ထက်! ငါ့ကိုပြန်ပေးစမ်း!"

ရှိုင်းဆက်အတင်းလိုက်လုသော်လည်း လက်မြန်သောလွန်းက ရှိုင်းဆက်မလုနိုင်ခင် ဓားကို အခန်းအပြင်သို့ ပစ်လိုက်လေတော့သည်။

ထို့နောက် ဓားကိုပြန်ကောက်ရန် အခန်းအပြင်ထွက်ဖို့ပြင်နေသော ရှိုင်းဆက်ကိုဆွဲကာ ဆောင့်တွန်းပစ်လိုက်လေသည်။

လွန်းတွန်းပစ်လိုက်သောအရှိန်ကြောင့် ကြမ်းပြင်ပေါ်သို့ ရှိုင်းဆက် ဗိုင်းခနဲလဲကျသွားလေသည်။

"မင်းဘာဖြစ်နေတာလဲ!"

"ငါ့ဘာသာ ဘာဖြစ်ဖြစ် မင်းအပူမပါဘူး လွန်းမာန်ထက်!"

ရှိုင်းဆက်ပြန်ထနေစဉ်မှာပဲ လွန်းက အခန်းတံခါးကိုပိတ်ကာ သော့ခတ်လိုက်လေသည်။

"မင်းစိတ်မမှန်တော့ဘူးလား ရှိုင်းဆက်သွင်! ဘာတွေလျှောက်လုပ်နေတာလဲ?"

လွန်းမေးနေပေမယ့် ရှိုင်းဆက်က ပြန်မဖြေ။

"မင်းသိစရာမလိုဘူး။"

"ဒီမှာလာထိုင်။ စိတ်အေးအေးထား။"

လွန်းက ရှိုင်းဆက်လက်ကိုဆွဲကာ ကုတင်ပေါ်တွင်ထိုင်ရန်ပြောလိုက်သော်လည်း ရှိုင်းဆက်က လက်ကိုအတင်းရုန်းလေသည်။

"ဖယ်စမ်း!"

လွန်းက ရှိုင်းလက်နှစ်ဖက်ကိုလိုက်ဖမ်း... ရှိုင်းဆက်က အတင်းရုန်း... နှစ်ယောက်သား ရုန်းလိုက်ကန်လိုက်ဖြစ်နေလေတော့ လွန်းစိတ်တိုလာတော့သည်။

"မင်းငြိမ်ငြိမ်နေစမ်း!"

ရှိုင်းဆက်လက်နှစ်ဖက်ကို ဖမ်းကိုင်ကာ တွန်းပစ်လိုက်လေတော့ ကုတင်ပေါ်သို့ ရှိုင်းဆက် ပက်လက်ကလေးလဲကျသွားတော့သည်။ လွန်းက ရှိုင်းဆက်လက်တို့ကို သူ့လက်နှစ်ဖက်ဖြင့် ချုပ်ထားရင်း ရှိုင်းအပေါ်အုပ်မိုးထားလျက်သား။

Romance Is Dead (Completed)Where stories live. Discover now