PART..21

15.4K 1.5K 16
                                    

With Zawgyi

ရေချိုးခန်းထဲတွင် ရေပန်းမှရေများကို ဖွင့်ချပစ်လိုက်ပြီး အဆက်မပြတ်ကျဆင်းနေသော ရေများအောက်တွင် ရှိုင်းဆက်အသက်မဲ့စွာ ငုတ်တုတ်ထိုင်နေမိလေသည်။ ရင်ဘတ်ထဲမှာတော့ နာကျင်မှုက အဆက်မပြတ်ထိုးနှက်လျက်...

အတိတ်တို့ကိုပြန်မြင်ယောင်နေမိသည်။

"တော်ပါတော့... ပြန်မတွေးပါနဲ့တော့.."

ထိုအတွေးတို့ပျောက်သွားလိုပျောက်သွားငြား ရှိုင်းဆက် ကိုယ့်ခေါင်းကိုယ် လက်သီးဆုပ်တို့ဖြင့် ထုရိုက်နေမိသည်။ မျက်ရည်တို့ကလည်း ခွင့်ပြုချက်မရဘဲ ပါးပြင်ပေါ်တရစပ်လှိမ့်ဆင်းလျက် ရှိနေလေသည်။

"ကိုကိုညာတယ်..."

ပေးခဲ့သောကတိပေါင်းမြောက်မြားစွာ... သူမသိအောင် ရှုပ်ခဲ့သော အရှုပ်ထုပ်ပေါင်းမြောက်မြားစွာ... နာကျင်ပေမယ့် ပြတ်သားစွာ လမ်းခွဲဖို့ဆုံးဖြတ်လိုက်တော့လည်း မစားရသည့်အမဲသဲနှင့်ပက်သော ကိုကိုဆိုသည့် လူတစ်ယောက်အကြောင်း...

ရှိုင်းပြန်မတွေးချင်တော့ပါ။ ထို့ကြောင့် ရှိုင်းမျက်လုံးတို့ကို မှိတ်ထားလိုက်ရင်း ရေချိုးခန်းကြမ်းပြင်ပေါ်လှဲအိပ်လိုက်မိလေသည်။

"ဒုန်း! ဒုန်း! ဒုန်း!"

"ဟေ့ကောင်! ရှိုင်းဆက်သွင်!!! တံခါးဖွင့်စမ်း!!"

ရှိုင်းဆက် အခန်းထောင့်စွန်းလေးတွင် ငုတ်တုတ်ထိုင်ကာ နားနှစ်ဖက်ကို လက်နှင့်အုပ်ထားမိလေသည်။ တံခါးကို တဒုန်းဒုန်းမြည်အောင်ထုနေသော ဖေဖေ့ဒေါသသံက ရှိုင်းဆက်တစ်ကိုယ်လုံးကို တဆတ်ဆတ်တုန်သွားစေသည်။

"ရှိုင်းဆက်သွင်!!!"

ဒီတစ်ကြိမ်တွင်တော့ ဖေဖေ့အသံမဟုတ်တော့ဘဲ တခြားတစ်ယောက်၏ အသံကိုရှိုင်းဆက်ကြားလိုက်ရသည့်နောက်-

"အဟွတ်! အဟွတ်!"

ရေပန်းအောက် အချိန်အတော်ကြာလှဲအိပ်နေမိသောကြောင့် ခိုက်ခိုက်တုန်အောင် အေးနေပြီး ချောင်းတို့လည်း ဆိုးကာ အိပ်မက်မှ နိုးလာခဲ့လေတော့သည်။

"တံခါးဖွင့်!!"

ရှိုင်းဆက်သေချာနားထောင်ကြည့်လိုက်တော့မှ လွန်းအသံဖြစ်နေမှန်းသူသိလိုက်လေသည်။ သို့ပေမယ့် သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးခဲထုံကျင်နေတာကြောင့် သူမလှုပ်ရှားနိုင်ပါ။

Romance Is Dead (Completed)Tempat cerita menjadi hidup. Temukan sekarang