PART..2

36.4K 2.9K 66
                                    

With Zawgyi

လမ်းလျှောက်ရင်းတွေးရင်းနှင့် အဆောင်သို့ သွန်းခေတ်တစ်ယောက် ပြန်ရောက်မှန်းမသိရောက်လာခဲ့လေသည်။ အဆောင်သို့ပြန်ရောက်သော်... ချစ်လှစွာသော အခန်း
ဖော်က မျက်မှောင်ကြုတ်လျက် စောင့်မျှော်၍နေလေသည်။

သွန်းခေတ်ကိုခေါင်းအစခြေအဆုံးကြည့်ကာ မျက်မှောင်
ပိုကြုတ်သွားသည်မှာ သူ့မျက်ခုံးထူထူတို့ ထိစပ်လုနီးပါး။

"ဘယ်လိုတွေဖြစ်လာတာလဲ။ ဘောင်းဘီတွေမှာလည်း မြေကြီးတွေပေလို့။ မင်းရုပ်ကKingရုပ်မထွက်ဘဲ ကြွက်စုတ်ဖြစ်နေပြီ။"

"အာ...အဲဒါက..."

"အဲဒါကတွေဘာတွေလုပ်မနေနဲ့။ ရေသွားချိုးတော့။ မင်းကိုကြည့်မရတော့ဘူး။"

...အေးအေး...ခင်တာမှနှစ်လကျော်ရှိသေးတာ။ငါ့ကိုပြောတာများ
ရစရာကိုမရှိဘူး။ သူ့ကခင်ဖို့တော့ကောင်းပါတယ်။ ပွစိပွစိ
ပြောတာလေးတစ်ခုကလွဲလို့ပေါ့။ ဇီဇာကြောင်ပြီးအပြစ်မြင်
တတ်လွန်းတဲ့ကောင်... သေချာပေါက်လူပျိုကြီးဖြစ်မယ့်လွန်းမာန်ထက်..

သွန်းခေတ်စိတ်ထဲမှကျိန်ဆဲလိုက်မိသော်လည်း အပြင်မှာ
တော့ဘာမှမပြောဖြစ်လိုက်။ တဘက်တစ်ခု...ဆပ်ပြာထည့်
ထားသည့်​ ခြင်းနှင့်အတူ အခန်းအပြင်သို့မောင်းထုတ်ခြင်း
ကိုသာခံလိုက်ရလေသည်။

ရေချိုးပြီးလို့အခန်းထဲပြန်ဝင်လာတော့ ဟိုငနဲက ကုတင်ပေါ်ထိုင်ပြီး Mobile Legandတိုက်နေလေသည်။

မျက်နှာချွန်ချွန်... နှာတံဖြောင့်ဖြောင့်.. မျက်ခုံးထူထူနှင့် ယောက်ျားပီသပြီး ဩရှရှဖြစ်နေသောအသံကိုမှအားမနာ မျက်မှောင်ကြီးကြုတ်ပြီး နေရာတကာအပြစ်လိုက်ပြောတတ်ပြန်တော့ ဣတ္ထိယတို့၏ သဘောမတွေ့သော အကြည့်တို့ဖြင့်မကြာခဏအကြည့်ခံရသူလည်း ဖြစ်ပြန်သည်။

အရပ်ကလန်ကလားက၅ပေ၁၁ကျော်၆ပေနီးပါးလောက်ရှိသည်။ အသားအရည်ကမဖြူမညိုနှင့် ခန္ဓာကိုယ်ကလည်း တောင့်တောင့်တင်းတင်း... အားလုံးပြီးပြည့်စုံနေကာမှ မျက်မှောင်ကျုံ့ကာ အမြဲစူပုတ်နေသော မျက်နှာထားက သူ့အသွင်အပြင်ကိုဖျက်တတ်လေသည်။ သွန်းခေတ်ကိုဆို မတရားကိုမကောင်းပြောရမှကျေနပ်တတ်သူရယ်ပါ...

Romance Is Dead (Completed)Where stories live. Discover now