PART..51

17.8K 1.4K 43
                                    

With Zawgyi

နောက်တစ်နေ့သည် ကျောင်းပိတ်ရက်ဖြစ်တာကြောင့် သွန်းခေတ်ပျင်းရိစွာ လိုင်းသုံးနေလေသည်။ ထိုစဉ် ရုတ်တရက် ကစားကွင်းသွားချင်လာလေသည်။

လားရှိုးတွင်တော့ ကျောင်းပိတ်ရက်တိုင်းလိုလို ပန်းခြံတွင်စကိတ်စီးလိုက်... တိုက်ကားမောင်းလိုက်နှင့် လည်ပတ်ခဲ့သော်လည်း မုံရွာတွင်တော့ ပျင်းရိဖွယ်ဖြစ်နေလေသည်။ သူပျင်းပျင်းနှင့်သက်ပြင်းချလိုက်ပြီးသည့်နောက် မေလမင်းပြောဖူးသော တိုက်ကားရှိသည့် ကစားကွင်းအကြောင်းကို သတိရသွားမိလေသည်။ ထိုနေရာသို့ သူသွားချင်မိသည်နှင့် ခွန်းသကို အပူကပ်မိလေတော့သည်။

"ကိုကို ကျွန်တော်ကစားကွင်းသွားချင်တယ်။"

သွန်းခေတ်စကားကိုကြားသည်နှင့် ကုတင်ပေါ်တွင်လှဲကာ စာအုပ်ဖတ်နေသော ခွန်းသသည် ပြုံးစစကြည့်လာလေသည်။

"ကစားကွင်း?"

ခွန်းသ၏အမေးကို သွန်းခေတ်တက်ကြွစွာ ဖြင့် ခေါင်းကို တဆတ်ဆတ်ငြိမ့်၍ပြန်ဖြေလာလေသည်။

"အင်း။ ဒီနားမှာ ကစားကွင်းတစ်ခုရှိတယ်။"

ခွန်းသသည် အပြင်ထွက်ရခြင်းကိုမကြိုက်လှသော်ငြား သွန်းခေတ်က သွားချင်သည် ဆိုတာနှင့် စာအုပ်ကိုပိတ်ကာ ချက်ချင်းထရပ်လိုက်လေသည်။

''အခုသွားမလား?''

ခွန်းသမေးလိုက်သည်နှင့် သွန်းခေတ်မျက်နှာလေးဝင်းသွားကာ ခေါင်းကိုတွင်တွင်ငြိမ့်ပြန်သည်။ သွန်းခေတ်ကိုကြည့်ရင်းခွန်းသ ပြုံးလိုက်မိသည်။ သူ့ချစ်သူဟာ အလိုကျပြီးပြုံးရွှင်နေရင် သိပ်ပြီးချစ်ဖို့ကောင်းသည်လေ။ ထိုကောင်လေးဟာ သူ့ကိုပြုစားဖို့များ မွေးဖွားလာလေသလား သူတွေးမိသည်။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ။ ထိုကလေးလေးက သူ့အပိုင်ပဲ။

''ဒါဆို အဝတ်လဲတော့။''

ခွန်းသသည် ဆိုင်ကယ်သော့ကိုယူလိုက်ပြီးနောက် အဝတ်လဲနေသော ပြုံးဖြီးဖြီးမျက်နှာပေးနှင့် ထိုကလေးအား ကြည့်နေမိလေသည်။ ဝတ်ထားသော တီရှပ်ကိုချွတ်လိုက်တာကြောင့် ဖြူဖွေးဝင်းအိသောအသားအရည်သည် ထင်းခနဲပေါ်လာတော့သည်။ ခွန်းသ အသံတိတ်ရယ်လိုက်မိလေသည်။

Romance Is Dead (Completed)Where stories live. Discover now