PART..44

17.2K 1.5K 224
                                    

With Zawgyi

အားကစားကွင်းတွင်-

"မောနေပြီလား?"

ဘောလုံးကွင်းဘေးမှာထိုင်နေရင်း ဘောလုံးကွင်းထဲကနေ သူ့ဆီပြေးလာတဲ့လွန်းကို တဘက်ကမ်းပေးလိုက်ပြီး ရှိုင်းမေးလိုက်လေသည်။ လွန်းက တဘက်ကိုယူလိုက်ပြီး ခေါင်းခါလိုက်လေသည်။

"မင်းပြန်ရင်ပြန်တော့လေ။ ပွဲနီးပြီဆိုတော့ trainingက မနက်ရောညနေပါ ဆင်းရတာ။ Dance Clubဖွင့်နေပြီမလား?"

"အင်း... ဒါပေမယ့် မကသေးပါဘူး။ မင်းtrainingဆင်းနေတာကို ကြည့်ချင်လို့။"

ရှိုင်းစကားကြောင့် လွန်းရယ်လိုက်မိလေသည်။

"ဘာထူးဆန်းတာကျလို့။"

"ဘာပဲဖြစ်ဖြစ်ကွာ။ မသိဘူး။ ငါလိုက်ခဲ့ချင်လို့။"

"ဟုတ်ပါပြီ။ မင်းသဘော။"

လွန်းက ထိုသို့ပြောလိုက်ပြီးနောက် ရှိုင်းဘေးတွင်ဝင်ထိုင်လိုက်ကာ ရေဘူးကိုလှမ်းယူပြီး ဖွင့်သောက်လေသည်။

ရေကိုမော့၍သောက်နေသော လွန်းသည် ကြည့်ကောင်းလွန်းနေသည်။ အသားအရည်က ကောင်းသည့်အပြင် ချွေးထွက်နေတာကြောင့် နဂိုဝင်းသောအသားအရောင်က နေပူပူထဲတွင်တောက်ပနေသည်။ မျက်နှာကို မော့ထားတာကြောင့် မေးရိုးတို့ကလည်း ပိုမိုထင်ရှားနေကာ လွန်းကိုပို၍ ခန့်ညားစေလေသည်။ လွန်းကို ရှိုင်းတမေ့တမောကြည့်နေမိရင်း ရှိုင်းမျက်လုံးတို့က လွန်း၏ လည်ပင်းဆီသို့ရောက်သွားလေတော့သည်။

ရေသောက်နေတာကြောင့် လွန်းလည်ပင်းမှ အဖုအထစ်လေးသည် အထက်အောက်ရွေ့လျားလျက်ရှိနေလေသည်။

"အဟမ်း...ဂလု"

ကြည့်နေရင်း ရင်တွေခုန်လာတာကြောင့် ရှိုင်းတံတွေးမြိုချကာ မြန်မြန်အကြည့်လွှဲလိုက်မိလေသည်။ သို့ပေမယ့် မျက်လုံးတို့က မခိုင်းပါဘဲနှင့်အလိုလိုရောက်သွားပြန်ပြီးသည့်နောက် လွန်းကို စချင်လာမိလေသည်။

ရှိုင်း ငါးခူပြုံးလေးပြုံးလိုက်ပြီးနောက် လက်က လျင်လျင်မြန်မြန်ပင် လွန်းလည်ပင်းပေါ်သို့ရောက်သွားလေတော့သည်။

Romance Is Dead (Completed)Where stories live. Discover now