PART..10

18.8K 1.7K 40
                                    

With Zawgyi

ထို့သိုရေရွတ်နေမိစဉ်မှာပဲ မျက်နှာတည့်တည့်ဆီဦးတည်ကျလာသော ဘောလုံးတစ်လုံးကိုမြင်လိုက်ရလေသည်။

ထိုဘောလုံးသူ့မျက်နှာပေါ်မကျခင် တစ်ဘက်ကိုအမြန်လှိမ့်ရှောင်လိုက်တာကြောင့် ထိခိုက်ဒဏ်ရာတော့မရလိုက်။ ရှိုင်းဆက် ထပြီးဘောလုံးကိုကောက်လိုက်စဉ် လူတစ်ယောက်၏အသံကိုကြားလိုက်ရလေသည်။

"Sorry..."

လေသံကစိတ်မပါသလိုပါသလို။ သို့ပေမယ့် သူ့စိတ်ထဲတွင်တော့ ကြားဖူးနေသော လေသံမှန်းတွေးမိလေသည်။ ထိုလူကိုကြည့်လိုက်တော့မှ သူတွေ့ဖူးသောသူမှန်းသိလိုက်ရလေသည်။

"လွန်းမာန်ထက်..."

ထိုနာမည်ကိုရေရွတ်ပြီးသည်နှင့် ရှိုင်းမျက်ခုံးနှစ်ဖက်သည်လည်းထိလုမတတ်ဖြစ်သွားရလေသည်။ မျက်နှာလည်းမကြည်တော့။

လွန်းက ရှိင်းဆက်လက်ထဲမှ ဘောလုံးကိုဆွဲယူလိုက်ပြီး ပြောလာလေသည်။

"သူများဘောလုံးကန်တဲ့နေရာမှာဘာလို့လာအိပ်နေတာလဲ။ မင်းမှာအိပ်စရာနေရာမရှိဘူးလား? အနင်းခံချင်လို့လား?"

ရှိုင်းဆက်ကတော့ ဘာမှပြန်မပြော။ သို့ပေမယ့် လွန်းကတော့မနေနိုင်။ ရှိုင်းဆက်မျက်နှာမြင်လိုက်တာနဲ့ ပါးစပ်ကအလိုလိုယားလာတာကိုး။

"မင်းက ကြောက်တာလား? ဘာမှလည်းပြန်မပြောဘူး။ စကား မပြောတတ်ဘူးလား?"

ပြောပြောဆိုဆိုနှင့် ရှိုင်းဆက်ပုခုံးကို တွန်းလိုက်တော့ ရှိုင်းဆက်အလွယ်တကူပဲ လဲကျသွားလေသည်။ အမှန်တော့ အဲလောက်ထိမရည်ရွယ်။ ရှိုင်းဆက်ကို အနိုင်ကျင့်ဖို့စိတ်ကူးလည်း လွန်းမှာမရှိပါ။အမြင်ကပ်တာကြောင့် နည်းနည်းရန်စဖို့ရည်ရွယ်လိုက်မိခြင်းဖြစ်လေသည်။ သို့ပေမယ့် ရှိုင်းဖြစ်သွားပုံကို တွေ့လိုက်ရတော့ လွန်းကြောင်သွားမိသည်။

ရှိုင်းကိုသေချာကြည့်လိုက်တော့ ခေါင်းကိုငုံ့ထားပြီး တစ်စုံတစ်ခုကိုကြောက်ရွံ့နေသယောင်။

ထို့ကြောင့် လွန်းတွေဝေသွားမိသည်။

.....ငါလွန်များလွန်သွားပြီလား?....

Romance Is Dead (Completed)Where stories live. Discover now