PART..5

23.3K 2.3K 90
                                    

With Zawgyi

"ဟမ်!ဘာပြောတယ်!နင်က ကိုခွန်းသပုံကို Wallpaperထားတယ်..ဟုတ်လား?"

လမင်းအသံကျယ်ကြီးက တစ်ခန်းလုံးလှည့်ကြည့်လာလောက်အောင် ကျယ်တာကြောင့် မေလမင်းပါးစပ်ကိုလက်နှင့်ပိတ်လိုက်ရင်း သွန်းခေတ်အတင်းတားရလေသည်။

"တိုးတိုးပြောစမ်းပါဟ။ အကုန်လှည့်ကြည့်ကုန်ပြီ။"

ထိုအချိန်မှမေလမင်းသည် သူ့အသံကိုလျှော့လေတော့သည်။

"တကယ်ကြီးလား?"

လွန်းကတော့ သူ့အဆိုကို အရမ်းတွေစွတ်အတည်ပြုနေလေသည်။

"ဟုတ်ပါတယ်ဆိုနေမှ။ နင်မယုံရင် သူ့ဖုန်းwallpaperကိုကြည့်လိုက်။"

လွန်း၏စကားအဆုံး မေလမင်းသည် သွန်းခေတ်၏ဖုန်းကို အတင်းလိုက်လုလေတော့သည်။

"ဟဲ့!!!ငါ့ကိုပြစမ်း! သွန်းခေတ်!"

"မပြဘူးဟာ.."

"အေး..နင်မပြရင် လွန်းပြောတာအမှန်လို့ငါယူဆမယ်။"

သွန်းခေတ်ဘဝက ဘယ်ဘက်ပြေးပြေးမလွတ်နိုင်တော့သည့်ဘဝ။ ထို့ကြောင့် ဘာလုပ်ရမှန်းမသိတာနှင့် မေလမင်းဆီဖုန်းကြီးပစ်ပေးလိုက်ကာ အခန်းထဲမှပြေးထွက်လာခဲ့လေတော့သည်။

"ဟဲ့.. သွန်းခေတ်!ဘယ်ပြေးသွားတာတုန်း! နင့်ဖုန်းက lockခတ်ထားတာကြီးကို။"

မေလမင်းကတော့ ဖုန်းကြီးကိုင်ကာ ကြောင်တောင်တောင်နှင့်ကျန်ခဲ့လေတော့သည်။

အဆောင်(၃)၊ ဝါဏိဇဗေဒဌာနရှေ့ရောက်တော့မှ သွန်းခေတ်အပြေးရပ်တော့သည်။ အဆောင်ရှေ့က သစ်ပင်များအောက်ရှိခုံဝိုင်းလေးတွင် ဝင်ထိုင်လိုက်ရင်း အသက်ကိုမနည်းရှူနေမိလေသည်။ထိုစဉ်-

"ရေသောက်အုံးမလား?"

ဟူသောအသံနှင့်အတူ ပါးကိုလာထိသော ရေခဲရေဘူးအေးစက်စက်ကြောင့်-

"အောင်မလေး!!!"
သွန်းခေတ်အလွန်လန့်သွားပြီးထခုန်လိုက်ရာခုံပေါ်မှ ပြုတ်ကျသွားလေတော့သည်။
ထိုအသံပိုင်ရှင်လည်း ရေဘူးကိုခုံပေါ်ချကာ သွန်းခေတ်ကိုလာထူပေးလေသည်။

Romance Is Dead (Completed)Where stories live. Discover now