PART..24

15.3K 1.6K 18
                                    

With Zawgyi

မုံရွာစီးပွားရေးတက္ကသိုလ်၏ ဒုတိယနှစ်ဝက် စာသင်ကာလသည် မိုးရာသီဖြစ်သော်လည်း မုံရွာ၏ ရာသီဥတုသည် ပူမြဲပူဆဲ။ သို့သော်..မိုးရွာလျှင်တော့ နေလို့ကောင်းသည်။

ထိုနေ့... သွန်းခေတ်တစ်ယောက် မိုးမိကာ ဖျားတော့သည်။ ထို့ကြောင့် ကျောင်းသို့ လွန်းတစ်ယောက်သာ ရောက်လာခဲ့လေသည်။
ဒီနေ့တော့ ကန်တင်းတွင် မေလမင်းနှင့် လွန်းနှစ်ယောက်တည်း။

မေလမင်းတစ်ယောက် သင်္ဘောသီးထောင်း ငရုတ်သီးစပ်စပ်ကို စားနေရင်း အစပ်ပြေရန်အလို့ငှာ ဘေးနားရှိရေဘူးထဲမှရေခဲရေကို ဖန်ခွက်ထဲငှဲ့ကာ သောက်နေလေသည်။ လွန်းကတော့ ကော်ဖီတစ်ခွက်ရှေ့ချကာ တစ်စုံတစ်ခုကိုအသည်းအသန်စဉ်းစားနေသည့်ပုံ။

"ငါသွန်းခေတ်ကိုကြိုက်နေမိပြီထင်တယ်။"

"ဖူး!!!!!!!အဟွတ်!အဟွတ်!"

လွန်းက ရုတ်တရက်ကြီးထပြောလိုက်တာကြောင့် မေလမင်းခမျာ သောက်လက်စရေပင် သီးသွားလေတော့သည်။ လွန်းက တစ်ရှူးကို ဆွဲယူကာ မေလမင်းကိုပေးလိုက်ရင်း ပြောလာပြန်သည်။

"အကုန်ပေပွကုန်ပြီဟာ.. ငါ့ကော်ဖီခွက်ထဲတောင် ရေတွေဝင်ကုန်ပြီလားမသိဘူး။"

မေလမင်းက တစ်ရှူးဖြင့် ရေများကိုလိုက်သုတ်နေရင်း ပြန်ပြောလာလေသည်။

"ရူးကြောင်ကြောင်တွေမလုပ်စမ်းနဲ့လွန်း။ နင်နောက်နေတာမလား?"

လွန်းက ဇွန်းနှင့် ကော်ဖီခွက်ထဲရှိကော်ဖီများကို မွှေနေရင်း ဖြေလာလေသည်။

"ငါမနောက်ဘူးလမင်း။ ငါအကြိမ်ကြိမ်အခါခါ စဉ်းစားပြီးပြီ။ ငါအဲလိုဖြစ်နေတယ်ထင်တာပဲ။"

မေလမင်းက ခေါင်းရမ်းလိုက်လေသည်။

"နင်ဘယ်လိုတွေခံစားနေရလို့လဲလွန်း?"

မေလမင်းကမေးလာတော့ လွန်းက ပြန်ဖြေလာလေသည်။

"သွန်းခေတ်နဲ့အတူတူရှိနေရင် ငါပျော်တယ်။ ငါ့ထက်ဘယ်သူနဲ့မှ ပိုရင်းနှီးနေတာကိုမကြိုက်ဘူး။ ပြီးတော့ သူcrushတွေဘာတွေ ရှိတယ်ပြောတော့ ငါ့စိတ်ထဲမှာမကောင်းဘူး။"

Romance Is Dead (Completed)Where stories live. Discover now