PART..6

23.1K 2K 94
                                    

With Zawgyi

လွန်းတစ်ယောက်ဒေါသတို့ကို နံရံပေါ်သာပုံချရင်း စိတ်ကိုအတတ်နိုင်ဆုံးလျှော့ထားမိသည်။ နံရံက ဆေးမသုတ်..ပတ်တီးမကိုင်ထားတာကြောင့် ကြမ်းထော်နေလေသည်။ ထို့ကြောင့် လွန်းလက်တို့လည်းပေါက်ပြဲကာ သွေးထွက်ကုန်လေသည်။ နာကျင်မှုတွေအရိုးထဲစိမ့်အောင် စူးခနဲဖြစ်လာတော့မှ လွန်းရပ်တန့်နိုင်တော့သည်။ စိတ်တိုတိုနှင့် နံရံဘေးကအုတ်ပုံပေါ်ထိုင်နေစဉ် သီချင်းသံတချို့ကို သူကြားလိုက်ရလေသည်။

"Forever young...Forever young..."

သီချင်းသံလာရာကိုကြည့်မိတော့ သီချင်းသံတွေကြားစီးမြောကာ ကဖို့ကြိုးစားနေသည့်ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။ သူက... ရှိုင်းဆက်သွင်...

Sexyကျသော အသားအရည်ခပ်ညိုညိုနှင့် အချိုးအဆစ်ပြေပြစ်သော ကိုယ်လုံးကိုပိုင်ဆိုင်ထားသူ။ ခြေတံရှည်တို့က ခန့်ညားမှုကိုအနားသတ်ထားပြီး မျက်နှာချွန်ချွန်မျက်ခုံးထူထူနှင့် ချောသည်ဟုမဆိုသာသော်လည်း ယောက်ျားပီသသည့်မျက်နှာပေါက်မျိုးကိုပိုင်ဆိုင်ထားသောသူ။ သို့ပေမယ့် မိန်းကလေးသီချင်းနှင့် မိန်းကလေးကကွက်ကိုကရန်ကြိုးစားနေခြင်းကို လွန်းမြင်ရတော့ စိတ်ပျက်မိသည်။ ယောက်ျားလေးတစ်ယောက်သည် ဘာကြောင့် ဒီလိုနေရာတွင် အကလေ့ကျင့်နေရသနည်း? ဘာကြောင့် ဒီလိုမျက်စိရှုပ်ဖို့ကောင်းသည့် ခေတ်ပေါ်အကကိုမှကချင်ရသနည်း? ဘာကြောင့် မိန်းကလေးအကကိုမှကနေရပါသနည်း? လွန်းစိတ်ထဲဘဝင်မကျနိုင်။ အမြင်ကပ်မိလေသည်။ ထို့ကြောင့် ထိုနေရာမှအမြန်ဆုံးထွက်လာမိလေသည်။

သူ့စိတ်ထဲတွင်တော့ရှိုင်းကို စိတ်လည်းပျက်သလို အထင်လည်းသေးနေမိလေသည်။ ဒါဟာ လေ့ကျင့်ခန်းလုပ်သည့်အနေနှင့်ဆိုလျှင်တောင် လွန်းနားလည်မပေးနိုင်ပါ။ သူလည်းလေ့ကျင်ခန်းလုပ်ပါသည်။ ကျောင်းဘောလုံးအသင်းတွင် ကစားသမားတစ်ယောက်အဖြစ်ပါဝင်ထားသည်။ သူအတွေးတွင်တော့ ခန္ဓာကိုယ်အတွက်လေ့ကျင့်ခန်း ဆိုလျှင်တောင် ယောက်ျားလေးတစ်ယောက်အတွက် အားကစားပဲဖြစ်သင့်သည်ဟူ၍။

ထို့ပြင် သူသည်သူနားမလည်သော ကိုရီးယားသီချင်းတို့ကိုမကြိုက်တတ်သော၊ ကိုရီးယားအဆိုတော်များကိုသည်းသည်းလှုပ်ဖြစ်နေခြင်းကို မုန်းသောသူလည်း ဖြစ်နေသေးသည်။ သူနားလည်သောမြန်မာသီချင်းများသည်သာ ပိုကောင်းသည်ဟု တွေးထားသူလည်း ဖြစ်လေသည်။ တွေးရင်းတွေးရင် စိတ်တိုတိုနှင့် လီဗာကိုလှည့်လိုက်မိပြန်တော့ လက်ကဆစ်ခနဲဆိုနာလာပြန်သည်။

Romance Is Dead (Completed)Where stories live. Discover now