Halloween Special(Part-9)

882 58 2
                                    

Zawgyi
         မိသားစုညစာစားပွဲဝိုင်းတွင်တော့ မိသားစုသုံးယောက်သည် ငြိမ်သက်စွာထိုင်၍ စားသောက်နေကြသည်။ စားသောက်ပြီးလျှင်တော့ မိသားစုသုံးယောက်မီးလင်းဖိုရှေ့တွင်ထိုင်ကာ တစ်နေ့တာကြုံရသမျှများကို ပြန်လည်မျှဝေလေ့ရှိကြသည်။

         အမြဲလိုလိုတော့ ရှိုင်း၏ဖခင်သည် စကားဝိုင်း၏ဦးဆောင်သူဖြစ်ပြီး ရှိုင်းက ပင်တိုင်နားထောင်သူဖြစ်ခဲ့သည်။

         သို့သော် ယနေ့မှာတော့ မီးလင်းဖိုရှေ့မှဆိုဖာပေါ်ထိုင်ထိုင်ချင်း ရှိုင်းဘက်မှစကားစပြောလာလေသည်။

"ကျွန်တော်… အဖေနဲ့အမေ့ကို ပြောစရာရှိပါတယ်။"

         မပြောစဖူး ပြောလာတာကြောင့် ရှိုင်း၏မိဘနှစ်ဦးလုံးသည် သေချာနားထောင်လာကြလေသည်။ ရှိုင်းက မျက်နှာထားကိုတည်လိုက်ပြီး အသေအချာစိတ်ပိုင်းဖြတ်ထားသည့်ပုံနှင့်ပြောလာလေသည်။

"ကျွန်တော်အခုပြောမယ့်စကားတွေကြောင့် အဖေနဲ့အမေ ကျွန်တော့်ကိုစိတ်ဆိုးချင်လည်းဆိုးနိုင်ပါတယ်။"

         ထိုအခါမှာတော့ ရှိုင်းမိခင်နှင့် ဖခင်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြလေသည်။

"ကျွန်တော် အမေတို့ကို မပြောခဲ့ပေမဲ့ ကျွန်တော့်လက်တွဲဖော်ကို ရှာတွေ့ခဲ့ပြီးပါပြီ။ အမှန်တော့ ကျွန်တော့်လက်တွဲဖော်က သမန်းဝံပုလွေမျိုးနွယ်က ဖြစ်နေလို့ အမေတို့ကိုမပြောပြနိုင်ခဲ့တာပါ။ ကျွန်တော်သူနဲ့အတူရှိချင်တယ်။ ကျွန်တော်အကြာကြီးစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာ။"

         ရှိုင်း၏မိဘများသည် ရှိုင်းစကားဆုံးသည်အထိ အေးအေးဆေးဆေးနားထောင်ပေးနေလေသည်။ ထို့နောက်တော့ ရှိုင်း၏မေမေက ရှိုင်းဖေဖေဘက်သို့လှည့်ရင်း မေးလာလေသည်။

"ရှင်ဘယ်လိုသဘောရလဲ?"

         ထိုစကားကိုကြားလေတော့ ရှိုင်းဖေဖေက မျက်နိုးကြင်နာစွာကြည့်ရင်း တည်တည်ငြိမ်ငြိမ်ဖြေလာလေသည်။

"မင်းသဘောလေ။"

         ရှိုင်း၏မိခင်သည် ရှိုင်း၏ပါးပြင်နှစ်ဖက်ကို ခပ်ဖွဖွအုပ်ကိုင်လိုက်ပြီးနောက် ပြောလာပါ၏။

Romance Is Dead (Completed)Where stories live. Discover now