Author Note
4.6K 210 15
Zawgyi
23.4.2020
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
Unicode
ဒီနေ့ပြာပြာ့အသက် ၂၀ပြည့်ခဲ့ပြီ။ အရေးကြီးတဲ့စာအုပ်အကြောင်းအရင်ပြောကြမယ်နော်။ စာအုပ်လေးက (6)လပိုင်းသေချာပါပြီလို့။ ပိုက်ဆံကြိုစုထားကြပါ။ အခြေအနေတွေမပြောင်းရင်(6)လပိုင်းမှာသေချာပေါက်ထွက်လာပါလိမ့်မယ်။ အဲ့ထက်စောရင် (5)လပိုင်းထဲထွက်မှာပါလို့။ ရန်ကုန်ကိုလာပြီးလက်မှတ်လေးတွေပေးချင်ပေမယ့် အဆင်မပြေလို့ နောက်တစ်အုပ်ထွက်မှပဲ လက်မှတ်ပေးနိုင်တော့မယ်ထင်တယ်။ ဒါပေမယ့် အပြင်မှာပြာပြာ့ကိုတွေ့ရင်တော့ "ဟယ်!! ပြာပြာရေလာပါအုံး"ဆိုပြီး လက်မှတ်တောင်းလို့ရပါတယ်လို့။ ဈေးနှုန်းဘာညာအတိအကျသိရတဲ့အခါ တစ်ချက်ပြန်ပြောပါ့မယ်နော်။
ပြီးတော့ ဒီနေ့မွေးနေ့လေးမှာ ပြာပြာ့စာဖတ်သူလေးတစ်ယောက်က မွေးနေ့လက်ဆောင်ဆိုပြီး ဒီRomance Is Deadလေးကို ဖတ်ရတာ ဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်းလေး အသေးစိတ်ရေးပေးသွားတယ်။ အရမ်းကျေးဇူးတင်ပါတယ်လို့။ လက်နာနေတဲ့ကြားက လက်ရေးနဲ့ရေးပေးသွားလို့ တကယ်ပျော်မိပါတယ်။ ကိုယ့်ficလေးက ဒီလောက်အထိစာဖတ်သူကိုလွှမ်းမိုးနိုင်လိမ့်မယ်လို့ထင်မထားခဲ့တာပါ။ မွေးနေ့ဆုတောင်းတာထက် ပြာပြာ့ကြိုးစားမှုလေးတွေကိုအသိအမှတ်ပြုပေးတာမျိုး၊ လိုအပ်ချက်လေးတွေကိုထောက်ပြပေးတာမျိုးလေးကို ပိုသဘောကျမိတယ်ရယ်။ ခင်ဗျားလေးတို့ကို ပေးနိုင်တာဆိုလို့ ဒီစာတွေပဲရှိတာမို့ ဒီစာတွေကို ကျနော်သိပ်မြတ်နိုးသလိုပဲ ခင်ဗျားတို့ကိုလည်း သိပ်မြတ်နိုးတယ်ဆိုတာကိုလည်း သိစေချင်ရုံပါ။ မွေးနေ့ဆုတောင်းရမယ်ဆိုရင် ကျနော့ကိုမေ့မသွားကြဘဲ ခင်ဗျားတို့ချစ်တဲ့ သာသာတစ်ယောက်အနေနဲ့အချိန်တွေအကြာကြီးရှိသွားချင်ရုံလေး။ ကျနော်အခုအချိန်အထိ ရပ်တည်ပြီးစာတွေရေးနိုင်အောင် အားပေးပေးကြလို့ အရမ်းကျေးဇူးတင်ပါတယ်လို့။ ခင်ဗျားတို့ကိုကျနော်ဘယ်လောက်ချစ်မြတ်နိုးလည်း ခင်ဗျားတို့သိချင်မှသိမှာပါ။
စကားမစပ် reviewလေးတွေ… Feedbackလေးတွေရေးပေးလို့ရတယ်သိလား။ ဒီသနားစရာ သက်ကြီးရွယ်အိုလေးကိုသိပ်မချေကြပါနဲ့။ ok??
23.4.2020
Romance Is Dead (Completed)Место, где живут истории. Откройте их для себя