PART..39

16.2K 1.4K 33
                                    

With Zawgyi

သင်္ကန်းကျွန်းမြို့နယ်တွင်-

"လာ.. အိမ်ထဲဝင်ကြ။"

လမင်းတို့အိမ်သည် အတော်လေးကျယ်ဝန်းသည်။ သို့ပေမယ့် အိမ်ထဲမှာတော့ လူမရှိသည့်ပုံ။ တိတ်ဆိတ်လို့နေသည်။

"သမီးလေး..အဲဒါဘယ်သူတွေလဲ?"

အိမ်အကူ အန်တီကြီးက မီးဖိုချောင်ထဲမှထွက်လာပြီး မေးလေတော့သည်။ မေလမင်းက ရယ်လိုက်ရင်း ပြန်ဖြေလာလေသည်။

"လမင်းသူငယ်ချင်းတွေပါ ကြီးမြရဲ့.. ဒီဘက်ကတစ်ယောက်က လွန်းမာန်ထက်... ဟိုဘက်က ရှိုင်းဆက်သွင်တဲ့။"

လွန်းတို့လည်းကြီးမြကို သွားလေးဖြဲကာ ပြုံးပြလိုက်ကြလေသည်။

ကြီးမြက ခေါင်းငြိမ့်လိုက်ပြီး ပြန်ပြောလာလေသည်။

"အေးပါဟယ်.. အခုခေတ်ကလေးတွေလည်း ဘာတွေမှန်းကိုမသိတော့ပါဘူးအေ။ ကျုပ်တို့ခေတ်တုန်းကဆို အရွယ်ရောက်ရင်များ ခပ်တန်းတန်းဖြစ်သွားကြတော့တာ။"

"စိတ်မပူပါနဲ့ကြီးမြကလည်း.. လမင်းက ကလေးပဲရှိသေးတာကို။"

မေလမင်းက ကြီးမြလက်မောင်းကိုလက်နှစ်ဖက်နှင့် ဖက်ထားလိုက်ကာ ချွဲချွဲနွဲ့နွဲ့လေးပြောလာလေတော့ ကြီးမြစိတ်မဆိုးနိုင်ပါ။

"အေးပါအေ... ညည်းမိဘတွေမရှိတုန်းမို့ စိုးရိမ်လို့ပြောတာပါအေ.."

"မစိုးရိမ်ပါနဲ့ကြီးမြရယ်။ သူတို့က လမင်းကို ဘာမှမလုပ်ပါဘူး...နော်.. စိတ်ချပါ။"

ကြီးမြက သက်ပြင်းချလိုက်ရင်း ပြောလာလေသည်။

"အေးပါအေ..."

ကြီးမြက မီးဖိုချောင်ထဲပြန်ဝင်သွားတော့ လွန်းက မေးလာလေသည်။

"သွန်းခေတ်ကော?"

"သူလား?အပေါ်ထပ်မှာ သေနေတယ်လေ။"

ထိုသို့ပြောနေကြစဉ် သွန်းခေတ်က အပေါ်ထပ်မှ ဆင်းလာလေသည်။

"ရောက်ပြီလား?"

"အေး..."

လွန်းစကားဆက်မပြောရသေးခင် မေလမင်းက ကြားမှဖြတ်၍ ပြောလာလေသည်။

Romance Is Dead (Completed)Where stories live. Discover now