PART..18

15.7K 1.6K 52
                                    

With Zawgyi

အဆောင်ရှေ့ရောက်သော် မေလမင်းက သွန်းခေတ်လက်ကိုလာဆွဲလေတော့ လွန်းက ရယ်လေသည်။

"ဟဲ့...ယောက်ျားလေးအဆောင်နော်။ နင်ဝင်လို့မရဘူး။"

ထိုအချိန်မှ မေလမင်းက မျက်နှာကြီးစူပုတ်ကာ သွန်းခေတ်လက်ကိုလွှတ်ချလိုက်လေသည်။

ထို့နောက် စိတ်နှင့်လူမကပ်ဘဲ ကြောင်တောင်တောင်ဖြစ်နေသော သွန်းခေတ်လက်မောင်းကို ဖြန်းခနဲမြည်အောင် ရိုက်ချလိုက်လေသည်။

"ဟဲ့... ရုပ်ထုဖြစ်နေတာလား? ပုဆိုးကိုလည်း ကြည့်အုံး။ နင့်ပုံက အရူးနဲ့တူနေပြီ။"

မေလမင်းက သူ့အသံကျယ်ကြီးနဲ့ အော်လာတော့မှ သွန်းခေတ်လည်း အသိစိတ်ပြန်င်လာတော့သည်။ ပုဆိုးလေးကို သေချာပြင်ဝတ်လိုက်ပြီး အဆောင်ထဲသို့ အသက်ပင်ဖြောင့်ဖြောင့်မရှူနိုင်လောက်သော ရင်ခုန်စိတ်လှုပ်ရှားမှုမျိုးဖြင့် ဝင်ရောက်လာခဲ့လေသည်။

အမှန်တော့ သူကိုယ်တိုင် စိတ်လိုလက်ရဝင်လာခြင်းမဟုတ်။ လွန်းမာန်ထက်ဆိုသော သကောင့်သားက အနောက်ကနေ အားရပါးရတွန်းနေ၍ ဖြစ်လေသည်။ မေလမင်းကလည်း အဆောင်ရှေ့ကမခွာနိုင်။ လည်တိုင်ကို ဆန့်ကာဆန့်ကာ အဆောင်အတွင်းသို့ မရမကလှမ်းကြည့်နေပြန်သည်။ သို့သော် သူမ မြင်ရမည်မဟုတ်ပါ။ သို့သော်မေလမင်းဆိုသည်က ခေါင်းကိုဖြတ်၍ အဆောင်ထဲပစ်ထည့်လိုက်မှ မြင်ရမည်ဆိုလျှင်တောင် သူမြင်ချင်တာကို မရရအောင်လိုက်ကြည့်သည့်အမျိုးလေ။

အခန်းရှေ့ကိုရောက်လေတော့ သွန်းခေတ်ခြေလှမ်းတို့ ရပ်တန့်သွားလေတော့သည်။ စွပ်ကျယ်အနက်.. ဂျင်းဘောင်းဘီနက်ပြာရောင်နှင့် ပစ္စည်းတို့ကိုနေရာချနေသော ခွန်းသကိုတွေ့လိုက်ရသည့်တစ်ခဏ ကမ္ဘာ့ဆွဲအားပင် သူ့အပေါ်သက်ရောက်မှု မရှိတော့ဘဲ လွင့်မြောသွားသလို ခံစားလိုက်ရလေသည်။ အသက်ရှူသံပါမက... အချိန်တွေပါရပ်တန့်သွားသလို အရာအားလုံးကို သူမေ့လျော့သွားခဲ့လေသည်။

ချွေးစက်တို့က ကြည်လင်ဖြူဖွေးသည့်အသားအရည်ပေါ်တွင် ဖြတ်သန်းစီးဆင်းကာ... မျက်နှာပေါ်စီးဆင်းလာသော ချွေးစက်တချို့က ပုံစံကျကာ ချွန်ထက်သော မေးရိုးတစ်လျှောက်စီးဆင်းပြီး မေးစေ့မှ ကျောက်စက်ပန်းဆွဲများမှ ရေကြည်များ တစ်ပေါက်ချင်းကျသွားသကဲ့သို့ ပေါက်ခနဲ ပေါက်ခနဲကျသွားသည်ကိုက ခန့်ညားလွန်းနေသည်။

Romance Is Dead (Completed)Where stories live. Discover now