PART..15

16.9K 1.6K 21
                                    

With Zawgyi

"ငါ့မိဘတွေက ကွာရှင်းထားတာ။"

"ဟမ်?"

မေလမင်း အံ့ဩသွားသော်လည်း သွန်းခေတ်ကတော့ အံ့ဩပုံမပေါ်။ လွန်းက ဆက်ပြောလေသည်။

"နင်က အခုမှသိလို့အံ့ဩနေတာ။ တကယ်တော့ ငါ့မိဘတွေက မိဘသဘောတူလို့ ယူထားကြတဲ့သူတွေလေ။ ဘယ်လိုပြောရမလဲ။ သူတို့မိဘတွေက ကလေးတစ်ယောက်လိုချင်တယ် ဆိုတော့ ငါ့ကိုမွေးလိုက်တယ်။ နောက်တော့ ငါ့အမေက သူတကယ်ချစ်တဲ့သူကိုတွေ့သွားတယ်လေ။ အဲဒါနဲ့အဖေနဲ့ကွာရှင်းလိုက်တာ။ အခုဆို အမေက ဒယ်ဒီနဲ့ ကလေးတစ်ယောက်တောင်ရနေပြီ။ အဖေကတော့ အလုပ်လုပ်ရတာကို ဝါသနာပါတဲ့သူ။ သူ့ဘာသာသူကုမ္ပဏီသွားလိုက်..
အစည်းအဝေးတက်လိုက်... သူ့recordတွေ သူပြန်ချိုးလိုက်နဲ့ပျော်နေတာ။ အခုတလောတော့ ချစ်သူရနေပြီဆိုလား။ ငါလည်းမသိပါဘူး။"

"အဲလိုဆို နင်က ဘယ်သူနဲ့နေတာလဲ?"

မေလမင်းက စိတ်ဝင်တစားမေးလာတော့ လွန်းကပြန်ဖြေလေသည်။

"အမေနဲ့ပဲနေတာပေါ့ဟ။ အဖေ့ဆီတော့ တစ်ခါတလေသွားပါတယ်။"

"နင့်မိဘတွေကွဲသွားတော့ နင်မခံစားရဘူးလား?"

"အစကတော့ ဝမ်းနည်းတာပေါ့။ ဒါပေမယ့် အဖေကော အမေကော ငါ့ကိုဂရုစိုက်ကြတယ်။ ဒယ်ဒီကလည်း ငါ့အပေါ်အဖေရင်းလိုပဲ။ ညီနဲ့လည်း အမေတူအဖေကွဲပေမယ့် အရင်းတွေလိုပါပဲ။"

"နင့်အဘိုးအဘွားတွေကကော?"

"လမင်း!"

မေလမင်းက စိတ်ဝင်တစား မျက်လုံးကြီးပြူးကာမေးတော့ သွန်းခေတ်က လှမ်းတားလေသည်။လွန်းကတော့ အပြုံးမပျက်ပြန်ဖြေလာလေသည်။

"ငါ့မိဘတွေကွဲတုန်းက သူတို့ပေါက်ကွဲကြတာ ဘယ်ပြောကောင်းမလဲ။ ငါ့ကိုလည်း ခေါ်ထားမယ်လုပ်နေကြတာ။ အမေကမပေးဘူးလေ။အခုထိအမေ့ကိုစကားမပြောကြဘူး။အမွေပါဖြတ်သွားတာ။ အမေနဲ့အဖေသာ အခုထိခင်တုန်းမင်တုန်း။"

လွန်းက ထိုသို့ပြောလာမှ မေလမင်းက သဘောပေါက်သွားဟန်ဖြင့် ခေါင်းတငြိမ့်ငြိမ့်လုပ်နေလေသည်။

"တော်သေးတာပေါ့။ နင်သာ အဘိုးအဘွားတွေနဲ့နေလို့ကတော့ တကယ့်ခေတ်နောက်ကျတဲ့ကောင်ဖြစ်မှာ။ မိဘတွေနဲ့ပဲနေတာတောင် ဒီလောက်ခေတ်မမီတဲ့ဟာ။"

Romance Is Dead (Completed)Where stories live. Discover now