ေက်းဇူးတင္လႊာ(ကျေးဇူးတင်လွှာ)

11.5K 542 76
                                    

With Zawgyi

ကၽြန္ေတာ့ရဲ႕ ပထမဆံုး ျမန္မာ versionနဲ႔ ဇာတ္လမ္းေလးကေတာ့ ၿပီးသြားခဲ့ပါၿပီ။ ဒီstoryေလးကို စတင္တုန္းကဆို သိပ္မဖတ္ၾကေတာ့ ကၽြန္ေတာ္အေရးအသားေတြအရမ္းလိုေနသလားလို႔ ထင္မိတာ။(တကယ္လည္း အမ်ားႀကီးလိုအပ္ေနဆဲပါ) ေနာက္ေတာ့ viewerေတြတက္လာတယ္။ voteေတြအမ်ားႀကီးေပးၾကတယ္။ feedbackေတြလည္း အမ်ားႀကီးေပးၾကတယ္။ ကၽြန္ေတာ္တကယ္ပဲ ဝမ္းသာပါတယ္။ အဲဒီအတြက္လည္း ေက်းဇူးတင္ပါတယ္။ updateေတြၾကာလည္း စိတ္႐ွည္႐ွည္နဲ႔ ေစာင့္ေနေပးၾကတယ္။ updateၾကာေပမယ့္ feedbackေတြက ေလၽွာ့မသြားဘူး။ ကၽြန္ေတာ္ တကယ္ဝမ္းသာၿပီး ေက်းဇူးလည္းတင္ပါတယ္ဗ်ာ။ တစ္ခါတေလ ကၽြန္ေတာ္ကေလးဆန္တဲ့အခ်ိန္ေတြဆိုလည္း စိတ္မပ်က္ဘဲ နားလည္ေပးတယ္။ တကယ္ပဲ ေက်းဇူးတင္ပါတယ္ဗ်ာ။ ၿပီးေတာ့ တစ္ခ်ိန္လံုးupdateေတာင္းၾကတာေရာ။ fic coverလးေတြလုပ္ေပးၾကလို႔ေရာ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဗ်ာ။

updateမွန္ဖို႔ကိုလည္း ကၽြန္ေတာ္အတတ္ႏိုင္ဆံုးႀကိဳးစားမွာပါ။ ေနာက္ထပ္ storyတစ္ခုအတြက္ ကၽြန္ေတာ္ၿပီးျပည့္စံုေအာင္ ဖန္တီးမွာမို႔ အခ်ိန္ခဏေလာက္ေစာင့္ေပးၾကမယ္မလား? ကၽြန္ေတာ့ကို ေမ့မသြားဘဲေလ။

Extraေလးေတြကိုေတာ့မၾကာမၾကာတင္ေပးပါ့မယ္။ ၿပီးေတာ့ ဒီstoryေလးကို စာအုပ္ေလးအျဖစ္အသက္သြင္းခ်င္ပါေသးတယ္။ ကၽြန္ေတာ္သိမ္းထားဖို႔ပဲ ထုတ္ရမလားလို႔ ေတြးေနတာ။ စာအုပ္အေနနဲ႔က်ေတာ့ မလိုခ်င္ၾကဘူးလားလို႔။ fanficေလးေတာင္ လိုခ်င္တဲ့သူတစ္ေယာက္မွမ႐ွိေတာ့ ကၽြန္ေတာ္လည္း မစြန္႔စားရဲဘူး။ တကယ္လို႔ reader-nimတို႔အတြက္ ထုတ္မယ္ဆိုရင္ေတာ့ surprise ေလးေတြထည့္ေပးျဖစ္ေလာက္ပါတယ္။

ၿပီးေတာ့ ကၽြန္ေတာ့ficေလးေတြကို ဖတ္ၿပီးေတာ့ လိုအပ္တာေတြ႐ွိလည္း ေျပာၾကပါေနာ္။ ေဝဖန္ေပးၾကပါ။ ဒါမွ ကၽြန္ေတာ့လိုအပ္ခ်က္ေတြကို သိႏိုင္မွာမို႔။ ကၽြန္ေတာ္က စိတ္မဆိုးတတ္ပါဘူး။ ကၽြန္ေတာ့ကို ဂ႐ုမစိုက္ရင္သာ စိတ္ဆိုးတာ😂😂😂😂

ေနာက္ဆံုးအေနနဲ႔ ဒီေန႔က ကၽြန္ေတာ့ေမြးေန႔ပါ။ ဟုတ္ကဲ့။ ကၽြန္ေတာ္ဒီေန႔မွာ အသက္ဆယ့္ကိုးႏွစ္ျပည့္ပါတယ္ဗ်။ ကၽြန္ေတာ့ကို ဘယ္နႏွစ္လို႔ထင္ထားၾကလဲ သိခ်င္မိတယ္ဗ်ာ။ ကၽြန္ေတာ္ခ်စ္ေသာ reader-nimတို႔ ေပ်ာ္႐ႊင္ၿပီး စိတ္ခ်မ္းသာၾကပါေစဗ်ာ...

WhiteButterfly2342
လိပ္ျပာျဖဴ

April 23. 2019

❤❤❤❤❤❤❤❤❤❤❤❤❤

With Unicode

ကျွန်တော့ရဲ့ ပထမဆုံး မြန်မာ versionနဲ့ ဇာတ်လမ်းလေးကတော့ ပြီးသွားခဲ့ပါပြီ။ ဒီstoryလေးကို စတင်တုန်းကဆို သိပ်မဖတ်ကြတော့ ကျွန်တော်အရေးအသားတွေအရမ်းလိုနေသလားလို့ ထင်မိတာ။(တကယ်လည်း အများကြီးလိုအပ်နေဆဲပါ) နောက်တော့ viewerတွေတက်လာတယ်။ voteတွေအများကြီးပေးကြတယ်။ feedbackတွေလည်း အများကြီးပေးကြတယ်။ ကျွန်တော်တကယ်ပဲ ဝမ်းသာပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ updateတွေကြာလည်း စိတ်ရှည်ရှည်နဲ့ စောင့်နေပေးကြတယ်။ updateကြာပေမယ့် feedbackတွေက လျှော့မသွားဘူး။ ကျွန်တော် တကယ်ဝမ်းသာပြီး ကျေးဇူးလည်းတင်ပါတယ်ဗျာ။ တစ်ခါတလေ ကျွန်တော်ကလေးဆန်တဲ့အချိန်တွေဆိုလည်း စိတ်မပျက်ဘဲ နားလည်ပေးတယ်။ တကယ်ပဲ ကျေးဇူးတင်ပါတယ်ဗျာ။ ပြီးတော့ တစ်ချိန်လုံးupdateတောင်းကြတာရော။ fic coverလးတွေလုပ်ပေးကြလို့ရော ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။

updateမှန်ဖို့ကိုလည်း ကျွန်တော်အတတ်နိုင်ဆုံးကြိုးစားမှာပါ။ နောက်ထပ် storyတစ်ခုအတွက် ကျွန်တော်ပြီးပြည့်စုံအောင် ဖန်တီးမှာမို့ အချိန်ခဏလောက်စောင့်ပေးကြမယ်မလား? ကျွန်တော့ကို မေ့မသွားဘဲလေ။

Extraလေးတွေကိုတော့မကြာမကြာတင်ပေးပါ့မယ်။ ပြီးတော့ ဒီstoryလေးကို စာအုပ်လေးအဖြစ်အသက်သွင်းချင်ပါသေးတယ်။ ကျွန်တော်သိမ်းထားဖို့ပဲ ထုတ်ရမလားလို့ တွေးနေတာ။ စာအုပ်အနေနဲ့ကျတော့ မလိုချင်ကြဘူးလားလို့။ fanficလေးတောင် လိုချင်တဲ့သူတစ်ယောက်မှမရှိတော့ ကျွန်တော်လည်း မစွန့်စားရဲဘူး။ တကယ်လို့ reader-nimတို့အတွက် ထုတ်မယ်ဆိုရင်တော့ surprise လေးတွေထည့်ပေးဖြစ်လောက်ပါတယ်။

ပြီးတော့ ကျွန်တော့ficလေးတွေကို ဖတ်ပြီးတော့ လိုအပ်တာတွေရှိလည်း ပြောကြပါနော်။ ဝေဖန်ပေးကြပါ။ ဒါမှ ကျွန်တော့လိုအပ်ချက်တွေကို သိနိုင်မှာမို့။ ကျွန်တော်က စိတ်မဆိုးတတ်ပါဘူး။ ကျွန်တော့ကို ဂရုမစိုက်ရင်သာ စိတ်ဆိုးတာ😂😂😂😂

နောက်ဆုံးအနေနဲ့ ဒီနေ့က ကျွန်တော့မွေးနေ့ပါ။ ဟုတ်ကဲ့။ ကျွန်တော်ဒီနေ့မှာ အသက်ဆယ့်ကိုးနှစ်ပြည့်ပါတယ်ဗျ။ ကျွန်တော့ကို ဘယ်နနှစ်လို့ထင်ထားကြလဲ သိချင်မိတယ်ဗျာ။ ကျွန်တော်ချစ်သော reader-nimတို့ ပျော်ရွှင်ပြီး စိတ်ချမ်းသာကြပါစေဗျာ...

WhiteButterfly2342
လိပ်ပြာဖြူ

April 23. 2019

Romance Is Dead (Completed)Where stories live. Discover now