PART..47

17.1K 1.4K 127
                                    

With Zawgyi

နွေရာသီသို့ရောက်လာသည်နှင့်အမျှ ရာသီဥတုကလည်း ပိုမိုပူပြင်းလာတော့သည်။ ခွန်းသတစ်ယောက် မနက်ထထချင်း ရေမိုးချိုးပြီးနောက် အဝတ်ဝတ်နေစဉ် ဖုန်းမြည်လာလေသည်။

"ဟယ်လို...အမေ..."

ခွန်းသမျက်နှာအနည်းငယ်ပြုံးနေသလို တစ်ဖက်မှလူကလည်း အလွန်ဝမ်းသာနေသောလေသံပေါက်နေလေသည်။

"My sonရေ... မာမီပြင်ဦးလွင်ကိုပြန်ရောက်နေပြီ..."

"ဟမ်? ဘယ်တုန်းက ပြန်လာလိုက်တာတုန်း?"

"Suprise!!"

ခွန်းသပျော်သွားမိသည်။ နိုင်ငံရပ်ခြားတွင် နေနေသောအမေဖြစ်သူက အိမ်ကို တစ်နှစ်နေလို့တစ်ခေါက်မှပြန်မလာ။ အိမ်သို့ ပြန်လာခဲသောအမေ ပြန်ရောက်နေကြောင်းသိရသောအခါ သူချက်ချင်းပင် ပြင်ဦးလွင်သို့ ပြန်ချင်စိတ်ပေါက်သွားရသည်။

"အမေ... ကျွန်တော်ပြန်လာမယ်။"

"လာရမှာပေါ့... my sonအတွက် လက်ဆောင်တွေအများကြီးပြင်ထားပေးမယ်။"

သားအမိနှစ်ယောက် စကားအကြာကြီးပြောဖြစ်ကြပြီးနောက် ဖုန်းချလိုက်လေသည်။ ထို့နောက် နှစ်ရက်အတွင်း ပြင်ဦးလွင်သို့ပြန်ရန်ဆုံးဖြတ်လိုက်လေတော့သည်။

ပြင်ဦးလွင်မပြန်မီတစ်ရက်အလိုတွင် ခွန်းသထံသို့ မှူးဖုန်းဆက်လာလေသည်။

"မှူး.."

"ပြင်ဦးလွင်ပြန်မလို့ဆို။"

"အင်း..ဟုတ်တယ်။"

"ငါလည်း ပြန်မလို့။ အတူတူပြန်ရအောင်။"

"ဟုတ်ပြီ။"

ဤသို့ဖြင့် မှူးနှင့် ခွန်းသတို့ ပြင်ဦးလွင်သို့ အတူပြန်လာခဲ့ကြလေသည်။

ပြင်ဦးလွင်မြို့မရောက်ခင် နှစ်ဆယ့်တစ်မိုင်ရောက်သည်နှင့် လေထုသည်ချက်ချင်းအေးစိမ့်သွားလေသည်။ စိမ်းလန်းစိုပြည်သော တောတောင်များနှင့် အအေးဓာတ်သည်လည်း စိမ့်ခနဲပိုလာရပြီးနောက် မှုန်ပြပြကျဆင်းနေသော မြူနှင်းများ၏ အထိအတွေ့ကိုလည်း ခံစားရလေသည်။

နွေဦးရောက်စပြုလာသော်လည်း ပြင်ဦးလွင်မြို့လေးသည် အေးမြဲချမ်းမြဲ။ ထို့ပြင် ပန်းမြို့တော်ဟုတင်စားရသော ထိုမြို့လေးတွင် ချယ်ရီပန်းတို့သည်လည်း ပင်လုံးကျွတ်ပွင့်လန်းလျက်ရှိနေလေသည်။

Romance Is Dead (Completed)Where stories live. Discover now