PART..17

16.4K 1.6K 37
                                    

With Zawgyi

မနက်မိုးလင်းကနေ ညမိုးချုပ်အထိ သူ့တစ်ဦးတည်းသောသားလေးကို တွေ့ဖို့အချိန်မရှိဘူးဟူ၍ သူ့ဆိုင်ကိုခေါ်ထားကာ အလုပ်ကျပြန်တော့ဘာမှမခိုင်းဘဲ ငုတ်တုတ်ထိုင်ခိုင်းထားတတ်လေသော သွန်းခေတ်၏ မာတာမိခင်။

အလုပ်လုပ်ချင်ရှာသော သွန်းခေတ်က ဝန်ထမ်းများကို ကူညီရာမှ သားအမိနှစ်ယောက် မကြာခဏစကားများရပြန်သည်။ ဒါကတော့ သွန်းခေတ်ငယ်ကတည်းက ဖြစ်နေကျပြဿနာတစ်ခု။

အိမ်ရောက်ပြန်တော့လည်း အငြိမ်မနေဘဲ သွန်းခေတ်ပစ္စည်းများကို ဟိုထည့်ဒီထည့် ဟိုသိမ်းဒီသိမ်းနှင့်မို့ မနည်းလိုက်တားရလေသတတ်။

ဒီကြားထဲရည်းစားရပြီလား ဆိုသော ဖြေရအခက်ဆုံးမေးခွန်းကို မေးတတ်သေးသည်။ မားချိတ်ပေးလေ ဆိုပြန်တော့လည်း သူစိတ်တိုင်းကျတဲ့သူမတွေ့သေးဘူး ဆိုပြန်သည်။ ဒီလောက်ချေးချွတ်များတဲ့မား သဘောကျနိုင်တဲ့သူကမ္ဘာပေါ်မှာမရှိနိုင်မှန်း သွန်းခေတ်သိထားလျက်နှင့် မေးမိသည့်သူ့အမှားသာဖြစ်ကြောင်း သွန်းခေတ်မကြာခဏသဘောပေါက်ရပြန်သည်။ ဒါက သွန်းခေတ်ရဲ့ပြဿနာလေးတစ်ခု....

တစ်ဘက်တွင်လည်း အကျယ်ချုပ်ကျနေရှာသော ရှိုင်းဆက်သွင်... ဟိုသွားလည်း အိမ်နှင့်.. ဒီသွားလည်း အိမ်က မပါလျှင်မပြီး... တစ်ခါတည်းသာသေသွားလိုက်ချင်တော့သည်။ သူ့အသက်နှင့် ခန္ဓာကိုယ်ကိုအားနာလွန်းသော်လည်း သူ့မှာ ဘယ်ကိုထွက်ပြေးရမည်မသိ။

ကဖို့မပြောနှင့် ခြေထောက်နှင့်လက် အနည်းငယ်လှုပ်မိတောင် စိတ်ကစားနေသလားတွေးတတ်သော လူကြီးများနှင့်လည်း သူ့မှာနေရတာ ကြပ်တည်းလွန်းလှသည်။ ထိုနှစ်လလုံး ခက်ခဲစွာဖြတ်သန်းပြီးသော်.... ကျောင်းပြန်ဖွင့်သော ဇွန်လသို့ ရောက်ရှိလာခဲ့လေသည်။

မိုးရာသီဖြစ်သောကြောင့် မုံရွာမြို့လေးသည် အချိန်တိုင်းမပူနေတော့။ ဒီနှစ် မိုးနည်းတာကြောင့် မိုးခပ်အုံ့အုံ့အနေအထားနှင့် ပူလည်းမပူ... စိုစွတ်မှုလည်း မရှိဘဲ နေလို့ကောင်းလှသည်။ သို့သော် တချို့ ကျောင်းသားကျောင်းသူများကတော့ ကျောင်းဖွင့်သည့်နေ့အထိ ကျောင်းကိုရောက်မလာကြသေး။ သို့ပေမယ့် တချို့ကတော့ ရည်ရွယ်ချက်ကြီးကြီးမားမားရှိတာကြောင့် ကျောင်းမဖွင့်ခင်ကတည်းက ရောက်နှင့်နေကြပြီဖြစ်လေသည်။

Romance Is Dead (Completed)Where stories live. Discover now