PART..1

96.9K 3.8K 91
                                    

With Zawgyi

"သွန်းခေတ္တရာ!!!!!"

"ခွမ်း! ခလွမ်း! "

ထပ်ဖြစ်ပြန်ပြီ။ တလွဲတချော်တွေချည်းပဲ လုပ်နေမိတဲ့ကျွန်​တော်....

ပန်းကန်အကွဲတွေရှေ့ချပြီး ဖရိုဖရဲလဲကျနေတဲ့သူငယ်ချင်းကို ​မေလမင်းတွဲထူပေးလိုက်ရသည်​။

"သွန်းခေတ်ရယ်...နင်ဘယ်လိုဖြစ်နေတာတုန်း"

သွန်း​ခေတ်​တစ်​​ယောက်​ ​မေလမင်းရဲ့ စကားကို တစ်ခွန်းမှ​တောင်မပြောနိုင်ဘဲ ရှက်ကိုးရှက်ကန်းဖြစ်ပြီး ထွက်ပြေးသွားတော့သည်​။

"ဟဲ့...သွန်းခေတ်.....ဟဲ့....."

သည်​လိုနဲ့ပဲ မေလမင်းတစ်ယောက် ဘာမပြောညာမ​ပြောနဲ့
ထွက်​​ပြေးသွားတဲ့ သူငယ်ချင်းနောက်ကို အသည်းအသန်ပြေး
လိုက်ရပါတော့သည်​။

သွန်းခေတ္တရာ ဆိုလို့ မိန်းက​လေးလို့မထင်​လိုက်ပါနဲ့။ တကယ်​​တော့ သူက အသားဖြူဖြူ ၊ ​ဆေးမကူတဲ့ နှုတ်ခမ်းရဲရဲ
လေးတွေကိုပိုင်​ဆိုင်​ထားတဲ့ ကောင်လေးတစ်ယောက်။

မျက်ဝန်းညိုတွေကိုမှ မျက်အိမ်ကျယ်ကျယ်လေးက ဝန်းရံထားပြီး ရှည်လျားတဲ့ မျက်တောင်​ကော့လေးတွေကိုလည်း
ပိုင်ဆိုင်ထားသူ.......

မျက်နှာဝိုင်းဝိုင်းလေးအပြင်​ ပါးမို့မို့လေးနှစ်​ဖက်​​ကြောင့်​ ချစ်စရာကောင်းသူ...ထို့ပြင်​ ရွှေရောင်ဆံပင်လေးများက သူ့ရဲ့အသွင်အပြင်ကို ပိုတင့်တယ်နေစေသူ....

၅ပေ၇လက်မရှိသော အရပ်အမောင်း.....ရှည်လျားသော
ခြေတံတို့နှင့် လိုက်ဖက်ညီအောင် အမြဲဝတ်ဆင်တတ်သော smart ကျကျကောင်လေးတစ်ယောက်.......

မုံရွာစီးပွားရေးတက္ကသိုလ်...MUE ၏ The Whole King....ယူထားတဲ့Majorက စာရင်းကိုင်......
နေရပ်က ရှမ်းပြည်မြောက်ပိုင်း လားရှိုးက...ဒါပေမယ့် အဲဒီလိုstyle ကျပြီး ချောမောတဲ့ကောင်လေးတစ်ယောက်
ဟာ ဘာအကြောင်းတွေကြောင့် အခုလိုနမော်နမဲ့နိုင်နေ
ရတာပါလိမ့်.....

ဖြူဖတ်နေသော အသားအရည်​ ကိုမှအားမနာ နေပူပူကြီးထဲ
အဓိပတိလမ်းဘေးက အုတ်ခုံတစ်ခုပေါ် စိတ်ပျက်လက်ပျက်
ထိုင်နေရှာသော သွန်းခေတ်အနားကို မေလမင်း ​လျှောက်​သွားလိုက်သည်။

Romance Is Dead (Completed)Where stories live. Discover now