ဆိုလ်းမြို့ရဲ့ မနက်ခင်း နှင်းမှုန်ရေးရေးလေးတွေကြား တူညီ ကျောင်းဝတ်စုံလေးများ ဝတ်ကာ ဦးတည်ရာတစ်ခုထဲကို လာနေကြသော ကျောင်းသားလေး နှစ်ယောက်။
"Jimin အခန်းတူတူပဲမလား?"
Hoseok ရှိရာဘက်ကို ကြည့်လာကာ သူ့မူပိုင်
မျက်ဝန်းကျဉ်းလေးများ ပျောက်သည်အထိ
Jiminက ရယ်ပြလာသည်။"ဟုတ်တယ် hoseok
မင်းရော? ""ငါက B ခန်းထဲမှာ "
"အ့ဆို ကွဲသွားပြီပေါ့ "
Jiminသည် အလိုမကျသလိုလေး ပြောလာခဲ့သည်။
"ငါမရှိလည်း Jungkook တစ်ယောက်လုံးရှိနေတာပဲ "
Hoseok ပြောလိုက်သော စကားကြောင့်
Jimin မျက်ဝန်းထဲ ဆွေးရိပ်သန်းသွားတာမို့ သူ စကားမှားပြီးမှန်း သိလိုက်သည်။"ငါ အတန်းအားတဲ့ချိန်တိုင်း မင်းဆီလာမှာပါ"
"အင်းပါ "
Jiminရဲ့ ပခုံးလေးကိုဖက်ကာ hoseok
ပြုံးကာ ပြောတော့ jiminက ခေါင်းလေးငြိမ့်ပြသည်။နှစ်ယောက်သား ကျောင်းထဲ သို့သာ
ဝင်လာခဲ့ကာ သင်ကြားရမယ့် ကျောင်းဆောင်ဆီကို သွားလိုက်ကြသည်။"Jimin ငါ လိုက်ပို့ရမလား ?"
"ရတယ် ငါဘာသာပဲ သွားလိုက်တော့မယ်
နားချိန်ကျ တွေ့မယ် ""အင်း ငါသွားပြီနော် "
Hoseokနဲ့ လူစုခွဲပြီးသည်နှင့်
မိမိဘာသာ သင်ကြားရမယ့် စာသင်ခန်းကို
သွားရသည်။ကျောင်းပထမဆုံးရက်မို့ အတန်းရှေ့ ကျောင်းသားမိဘတွေရော၊ကျောင်းသားများနဲ့ပါ ရှုပ်ရှပ်ခပ်နေတာမို့ သူ အတန်းထဲက
နေရာတစ်ခု၌သာ ဝင်ထိုင်နေလိုက်သည်။ဘေးခုံတွေက နေရာပြည့်နေပြီမို့ သူ့ရှေ့က ခုံတစ်ခုံကိုသာ လွယ်အိတ်ကလေးတင်ထားလိုက်သည်။
"Jungkookကလည်း ကြာလိုက်တာ "
မျှော်နေတဲ့သူဟာ ရောက်မလာသေးတာကြောင့် jimin စာအုပ်တစ်အုပ်ဖတ်ကာသာ
နေလိုက်သည်။Jimin၊jungkookနဲ့ hoseokတို့ဟာဆိုရင်
ငယ်စဉ်ကတည်းက ပခုံးဖက် ပေါင်းလာကြသည့် သူငယ်ချင်းများဖြစ်သည်။jiminနဲ့ hoseokက တစ်ရပ်ကွက်ထဲမို့ ကျောင်းသွားကျောင်းပြန်ချိန်တိုင်း တူတူဆိုပေမယ့်
Jungkookက အခြားရပ်ကွက်ကမို့
ကျောင်းမှသာ တွေ့ရသည်။အခုဆို သူတို့
အထက်တန်းနောက်ဆုံးနှစ်ရောက်ပြီဖြစ်သည်။သုံးယောက်စလုံးက ထူးချွန်ကြသော်လည်း အထက်တန်းနောက်ဆုံးနှစ်တွင်တော့ jiminနဲ့ jungkookက တစ်ခန်းတည်းကျခဲ့ပြီး၊hoseokကတော့ အခြားအခန်းသို့ ရောက်သွားသည်။
YOU ARE READING
ရင်မှာ ဒီလောက်ချစ်ပါသည်
Fanfictionငါ့မေတ္တာတွေ ပြန်စူးတဲ့တစ်နေ့ ငါ ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာ မောင်