❣️ Part-18 ❣️

3.1K 251 69
                                    

ကျောင်းဆောင် အနောက်ဘက် ရောက်သည်နှင့်
နံရံဆီ jimin ကိုယ်ကို ကပ်လိုက်ပြီး
လက်နှစ်ဖက်ဖြင့် တစ်ဖက်တစ်ချပ်ဆီမှ ထောက်ပြီး ကာထားသည်။jimin  ကိုယ်လေးကို ကျုံ့မိကာ  ခေါင်းလေးပင် ငုံ့ထားမိသည်။

ခေါင်းငုံ့ထားသည့်အတွက် jungkookရဲ့
အသက်ရှုသံ ခပ်ပြင်းပြင်းက jiminရဲ့
နဖူးပြင်ပေါ်သို့ တိုက်ရိုက်ကျရောက်သည်။

"ဒီကိုကြည့် !"

စကားအဆုံးမှာတင် နာခံစွာ
မျက်လုံးချင်းဆိုင်ကြည့်မိတော့သည်။

"အမှန်အတိုင်းဖြေ!
Yoongi hyung အပေါ် ခံစားချက်တွေရှိနေလား?"

"ဟင်!မရှိ မရှိပါဘူး "

"လိမ်တာ မကြိုက်ဘူး jimin!"

"တ တကယ်ပါ "

"ဘာလို့ စဉ်းစားပေးမယ် ပြောခဲ့လဲ ?"

"ဟင် !"

"မကြိုက်ဘူးဆို စဉ်းစားပေးမယ်လို့
ဘာလို့ ပြောခဲ့တာလဲလို့?"

"အဲ့တာက hyungအပေါ် အားနာလို့ "

"အားနာတိုင်း အဲ့လိုပြောစရာလား?"

"အဲ့လိုမဟုတ်ပေမယ့် hyungက
ငါ့အပေါ် အရမ်းကောင်း-"

"ငါကကျ မကောင်းတဲ့သူပေါ့ "

"အဲ့လိုမဟုတ် -"

"တွဲရအောင် !"

"ဟင်!"

ကြားလိုက်ရသော စကားကြောင့်
မျက်လုံးလေးပြူးသွားသလို အာမေဋိတ်ပါထွက်မိတော့သည်။သူ နားကြားမှားတာမျိုး မဟုတ်ဘူးမလား?မောင်က သူ့ကို တကယ် ပြောလိုက်ခြင်းမလား?

"တွဲရအောင်လို့ ပြောနေတာ "

"ဟို ဟို -"

"ကျစ်! Jimin ။ကိုယ် စိတ်မရှည်ဘူး။
တွဲမှာလား?မတွဲဘူးလား?"

"ဟို -"

"ကျစ်!"

"တွဲမယ်။တွဲမယ် "

Jimin ရဲ့ ဖြေသံကိုကြားသည်နှင့်
Jungkookရဲ့ နှုတ်ခမ်းပါးတို့သည် လှပစွာ ကွေးညွှတ်သွားတော့သည်။

"ကိုယ့်ကို ချစ်တယ်မလား?"

"ဟင် "

"ဟင် ပြန်ပြီလား?"

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now