❣️ Part-49 ❣️

3.6K 247 28
                                    

Jungkook ၏  ရုတ်တရက် စေ့စပ်ပွဲကျင်းပလိုက်ခြင်းသည် လူရင်းများနဲ့သာ ကျင်းပဖြစ်ပေမယ့်
K-netizen များကြောင့် သတင်းသည် socialပေါ်
ပုံနှင့်တကွ ပျံ့နှံ့သွားခဲ့သည်။ပုံသည် အဝေးက ရိုက်ထားပေမယ်လို့ ဘယ်သူဖြစ်တယ်၊ဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ ကောင်းစွာ
မြင်ရသည်။ထို့ကြောင့် dating news ပင် မထွက်ဖူးသော jungkookသည် စေ့စပ်တဲ့ သတင်းပင် ထွက်ချလာတော့ အားလုံးမှာ ဟင်ကနဲ၊ဟာကနဲတွေဖြစ်ကုန်ကြသည်။

Fanတွေကြားထဲမှာလည်း အုတ်အော်သောင်းနင်းတွေဖြစ်ကုန်ကြသည်။တစ်ချို့က စေ့စပ်သွားလို့ ဝမ်းနည်းသူကနည်းကြပြီး၊တစ်ချို့ကလည်း idolအတွက် ဝမ်းသာပေးကြသည်။jungkookစေ့စပ်တဲ့သူဟာ ယောင်္ကျားလေးတစ်ယောက်ဖြစ်နေတာကိုပင် အပြည့်အဝနားလည်ပေးခဲ့ကြသည်။မလိုတဲ့ သူတွေက အပြစ်ပြောကြပေမယ်လို့ jungkookထိုစကားတွေကို ဂရုစိုက်နေမည်မဟုတ်ပါ။အဓိကက သူ့ကို အမြဲ ကာကွယ်ကာ support ပေးနေမယ့် ပရိသတ်တွေနဲ့
သူ့အနားမှာ အမြဲရှိနေပေးမယ့် ချစ်သူလေးသာ ရှိနေရင် သူ့ဘဝပြည့်စုံပြီဖြစ်သည်။jungkookအနေနဲ့လည်း သူ့အပေါ် အမြဲနားလည်ကာ ချစ်ပေးကြသော ပရိသတ်တွေကိုလည်း မေတ္တာများ ပိုတိုးကာ ချစ်မိတော့သည်။ပရိသတ်တွေကလည်း
သူ့အတွက် အရာရာပင်ဖြစ်ပါသည်။

Entertainment ဘက်က ရုတ်တရက်
သတင်းများကြောင့် jungkookကိုတော့
ငြင်းဆိုဖို့ ဖိအားမပေးခဲ့ပါ။CEOကိုယ်တိုင်
အရင်ကတည်းက သိနေတဲ့ ကိစ္စဖြစ်တဲ့အတွက်
ထိုသတင်း ပျံ့သွားခြင်းကိုလည်း jungkookအနေနဲ့ မကြောက်မိပါ။အမှန်တရားဖြစ်သည့်အတွက်
ဘယ်ချိန်မေးမေး သူဖြေဖို့ အဆင်သင့်ပင်။

"ဘယ်လို လုပ်ဖို့ တွေးထားလဲ ?Jungkook "

အန်ကယ် လီမင်ဂျယ်ရုံးခန်းထဲတွင်
ဆွေးနွေးနေကြခြင်းဖြစ်သည်။ကုမ္ပဏီimageကိုဂရုမစိုက်ပဲ သူ့ဆန္ဒကိုသာ အရင်မေးလာသော
အန်ကယ်သည် သူ့အပေါ်တော့ တကယ်ကောင်းရှာပါသည်။

"ကျွန်တော် သတင်းစာရှင်းလင်းပွဲ လုပ်ပြီး
အမှန်အတိုင်း ဝန်ခံချင်တယ်...အန်ကယ် ",

"အဲ့လို စဉ်းစားထားတာ သေချာပြီပေါ့ "

"ဟုတ်ကဲ့ "

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now