❣️ Part-44 ❣️

2.7K 229 74
                                    

လက်ချောင်းလေးများ စတင်လှုပ်လာပါသော
လူသားလေးကြောင့် အိမ်အကူများမှာ  ဆရာဝန်ကို လှမ်းအကြောင်းကြားတဲ့သူကကြား၊သူတို့ရဲ့ အကိုလေးကို ပြေးခေါ်တဲ့သူက ခေါ်နဲ့ ယောက်ယပ်ခက်ကုန်ကြသည်။

"အကိုလေး!အကိုလေး!"

"ဘာဖြစ်လို့လဲ?"

"သတိ...သတိရလာပြီ"

အိမ်အကူပြောလာသော စကားသည်
သူ့အတွက် အံ့ဩမှုနဲ့အတူ ဝမ်းသာစေသည်။ချက်ချင်းပင် လုပ်လက်စ အလုပ်များရပ်ကာ
တစ်ယောက်သောသူရှိသော အခန်းကို
ပြေးကာ သွားမိတော့သည်။

စောင့်ခဲ့ရတာ။ဒီလို နိုးလာမယ့် အချိန်လေးကို
စောင့်နေခဲ့ရတာ။စစတွေ့ချင်းမှာ ရေငုပ်သမားတွေလက်ထဲ အသက်မျော့မျော့လေးသာ
ကျန်တော့တဲ့ သူကို yoongi ကြည့်ကာ
တုန်လှုပ်ခြောက်ခြားခဲ့ရသည်။

Yoongi အနေနဲ့ USကို ရောက်သွားခြင်းသည်
နိုင်ငံ့လက်ရွေးစင်အဖြစ် သွားပြိုင်တာ ဟုတ်သော်လည်း ပြိုင်ပွဲပြီးသည့် အချိန်တွင် ကိုရီးယားကို ပြန်လို့ရခဲ့သည်။သို့သော် သူ့အနေနဲ့
Jiminကို မြင်နေရရင် လောဘတက်မိမည်စိုးတာရော၊သူ့ခံစားချက်တွေကို ဝန်ခံထားတဲ့အတွက်
သိနေတဲ့ jimin က သူရှိနေရင် နေရခက်မှာစိုးတာရောကြောင့် USမှာပဲ မိဘတွေကိုအသိပေးကာ
အခြေချခဲ့ခြင်းပင်။ချမ်းသာတဲ့ မိသားစုမျိုးရိုးဖြစ်တာမို့ နိုင်ငံရပ်ခြားတွင် အခြေချကာ
ကောင်းကောင်းမွန်မွန်နေနိုင်ဖို့ မခက်ခဲပေ။

ထိုမှာပဲ တစ်ယောက်တည်းနေကာ
ကိုရီးယားမြေက အကြောင်းများကို
လှမ်းစုံစမ်းသည်။အဓိကကတော့ jiminရဲ့ အကြောင်းများပင်။jungkookနဲ့အတူရှိနေချိန်တိုင်း ပြုံးရယ်နေတတ်တဲ့ အကြောင်းတွေကို
ကြားသိရတိုင်း ဝမ်းသာမိပေမယ့် ရင်ထဲကနာကျင်ရသည်။jungkookအတွက် jiminရဲ့
ပေးဆပ်မှုများကို သိရတော့ ချစ်တတ်လိုက်တာဟုပင် ပြောနိုင်သည်။jimin အလုပ်လိုတဲ့ အကြောင်း ပြောလာတော့ CUB Entertainment မှာ ရှယ်ယာဝင်ထားသည့် ဖေဖေ့ကို
အကူအညီတောင်းကာ သူပိုင်တဲ့ D Clubမှာ
အလုပ်ဝင်စေဖို့ အန်ကယ်လီမင်ဂျယ်ကနေတစ်ဆင့် ပြောခိုင်းခဲ့သည်။ကံတရားကို
ကျေးဇူးတင်ရမည်က jiminသည် သူ့စောင့်ရှောက်မှုအောက်သို့ ရောက်လာခြင်းပင်။
သို့သော် ထို clubရဲ့ ပိုင်ရှင်ကို သူလို့မသိစေဘဲ
သူငယ်ချင်းလည်းဖြစ်၊လူယုံလည်းဖြစ်ရတဲ့
Eunwoo ကို အကူအညီတောင်းကာ သူ့ကိုယ်စား
Jiminကို စောင့်ရှောက်ပေးဖို့ ပြောခဲ့ရသည်။
Jiminရဲ့ အကြောင်းကို USကနေ နေ့တိုင်း လှမ်း
Checkကာ အတတ်နိုင်ဆုံး အဝေးကနေ စောင့်ရှောက်ပေးမိသည်။ထိုအချိန်က ထိုလောက်ပဲ သူတတ်နိုင်ခဲ့သည်မို့ ထိုမျှထိသာ ကူညီခဲ့ရခြင်းဖြစ်သည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now