ခိုဝင်နေကြ ရင်ခွင်နဲ့ ဝေးသွားတဲ့
ပထမဆုံးညမှာပဲ နိုးတဝက်အိပ်မက်တွေနဲ့
အိပ်လို့ မပျော်ဖြစ်ခဲ့ရသည်။မောင်တစ်ယောက်
အဆင်ပြေပါ့မလား?တစ်ယောက်ထဲ သူစိမ်းတွေကြားထဲ နေနိုင်ပါ့မလား?စသည့် အကြောင်းအရာများကိုလည်း တွေးရင်း
ညက CUB entertainmentက လူတွေ၏
ကားပေါ်သို့ မတက်ခင် နီရဲနေသော မောင့်မျက်လုံးများကလည်း အမြင်အာရုံတွေထဲ
ပြန်ပြန်ပေါ်လာသည်။ငိုချင်နေတာတောင်
သူ့အတွက်နဲ့ တင်းခံထားရသည့် မောင် သည်
ပင်ပန်းနေမှာပင်။နာရီကို တစ်ချက်ကြည့်မိတော့
စောသေးသည်မို့ အိပ်ယာထဲဘဲ ဆက်လှဲနေမိသည်။ဘေးနားက လွတ်နေသော နေရာလေးအား အကြည့်ရောက်မိတော့ မှိုင်းပြသွားသော
မျက်ဝန်းများနဲ့အတူ ထိုနေရာလေးကို လက်ဖြင့်
ပွတ်သပ်နေမိသည်မှာ မောင့်အငွေ့အသက်လေးများ ရမလားဆိုသည့် စိတ်ကလေးနဲ့ပင်။ရီစရာတော့ကောင်းသား။မောင့်အတွက်ဆိုပြီး
အချိန်တွေ ဘယ်လောက်ကြာကြာ စောင့်နေမယ်လို့ ပြောခဲ့မိပြီးမှ တစ်ညလေး ခွဲရရုံရှိသေး
လွမ်းနေရသည်။မောင်သိရင်တော့ သူ အဆူခံရမည်ထင်သည်။တီ တီ တီ
စားပွဲပေါ်တင်ထားသော ဖုန်းဆီမှ
Vibrate အသံကြောင့် အိပ်ယာထဲက မထဘဲ
လှမ်းယူလိုက်သည်။ဖုန်း contact ကို
ကြည့်မိတော့ အိပ်ချင်နေသေးသော
မျက်လုံးများ ပြူးသွားသည်အထိပင်။"မောင် !"
ဖုန်းကိုင် ကိုင်ချင်းမှာဘဲ မောင့်နာမည်အား
ခေါ်မိတော့သည်။တကယ်ခွဲရတော့မှ သူ
လွမ်းနေရတော့သည်။"အင်း!နိုးနေပြီလား?"
"နိုးတာကြာပြီ။မထချင်သေးတာနဲ့
ဆက်အိပ်နေတာ ။မောင်ရော အဆင်ပြေရဲ့လား?""ပြေပါတယ်။ကိုယ့်ကို တိုက်ခန်းတစ်ခု
ငှားပေးထားတယ် ""ဟုတ်လား။မောင် တစ်ယောက်ထဲလား?"
"အင်း။အခုတော့ တစ်ယောက်ထဲပဲ။
နောက်မှ traineeတွေထဲက တစ်ယောက်နဲ့
တူတူနေရမယ်တဲ့ ""သြော် အင်း "
"မောင် "
"အင်း ကိုယ်နားထောင်နေတယ် "
YOU ARE READING
ရင်မှာ ဒီလောက်ချစ်ပါသည်
Fanfictionငါ့မေတ္တာတွေ ပြန်စူးတဲ့တစ်နေ့ ငါ ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာ မောင်