❣️ Part-17 ❣️

3K 237 48
                                    


သူတို့ သုံးယောက်လုံး shopping mallတစ်ခုသို့
ရောက်နေခြင်းပင်။မေမေက jungkookအတွက်လိုအပ်သည့် ပစ္စည်းများကို လိုက်ဝယ်ပေးထားရန် ပြောသောကြောင့် မေမေ့ဆီမှ ပိုက်ဆံတောင်းကာ ကျောင်းက အပြန်တွင် ဝင်ကြခြင်းပင်။jungkookက မလိုချင်ဘူး ပြောသော်လည်း
မေမေ့၏ စကားကို မလွန်ဆန်နိုင်စွာ သူတို့နဲ့ ပါလာခဲ့တော့သည်။

နာမည်ကြီး brandများကို ဝယ်မပေးနိုင်ပေမယ့်
Jungkookအတွက် ကြည့်ပျော်၊ရှု့ပျော် အဝတ်များကိုတော့ သူတို့ ဝယ်ပေးနိုင်ပါသည်။။

အတွင်းခံတစ်ချို့နဲ့ တီရှပ် သုံးလေးထည်နှင့်
Jungkookဝတ်တတ်သော ဘောင်းဘီအပွ သုံးလေးထည်လောက်ကို ဝယ်လိုက်သည့် အချိန်တွင်တော့ မေမေပေးလိုက်သော ပိုက်ဆံသာမက
Jiminရဲ့ မုန့်ဖိုးလေးပါ ကုန်သွားတော့သည်။

"Jimin ငါတို့ တစ်ခုခု ဝင်စားရအောင် "

Hoseokက တစ်ခုခုစားရန် ပြောလာပေမယ့်
ပိုက်ဆံ လက်ထဲမရှိသော jiminက
ပြောရခက်စွာ ငြိမ်နေမိသည်။

"ဟို ငါ-"

"လာပါ ငါဝယ်ကျွေးမှာ။
Jungkookရော လာ "

Jiminနဲ့ jungkook လက်တစ်ဖက်ဆီကို
အလယ်ကနေ ဝင်ဆွဲကာ ပဲခေါက်ဆွဲဆိုင်လေးထဲသို့ ဝင်သွားတော့သည်။

ကျောင်းဝတ်စုံလေးများနဲ့ မျက်နှာချောချော
ကောင်လေးသုံးယောက်သည် လူငယ်ဘဝအလျောက် ပြုံးပျော်ကာ နေကြသည်။

ဆိုင်လေးထဲ ဝင်လိုက်သည်နှင့်
လန်းဆန်းမှုကို ခံစားရတော့သည်။အအေးဓာတ်
လွှတ်ပေးထားခြင်းကြောင့် နေရတာ အေးစိမ့်စိမ့်လေးနှင့်ပင်။ဝိုင်းတစ်ခုတွင် ဝင်ထိုင်လိုက်ကြပြီး
ပဲခေါက်ဆွဲက အဓိက menuမို့ ပဲခေါက်ဆွဲ သုံးပွဲသာ မှာလိုက်ကြသည်။

ဝိုင်းတစ်ဝိုင်းတွင် လူလေးယောက်ထိုင်လို့ရသည်မို့ jiminနဲ့ hoseokက တစ်ဖက်တွင် စုံထိုင်နေပြီး၊jungkookကတော့ မျက်နှာချင်းဆိုင်က ခုံတွင်ဖြစ်သည်။

"Jimin "

"Hyung !"

တိုက်ဆိုင်စွာ သူတို့ထိုင်နေသော ဆိုင်ထဲသို့
ရောက်လာသော yoongi hyung က သူတို့ကိုတွေ့သည်နှင့် သူတို့ဝိုင်းသို့ ရောက်လာတော့သည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Όπου ζουν οι ιστορίες. Ανακάλυψε τώρα