❣️ Part-27 ❣️

2.3K 205 4
                                    

အိမ်ပြန်လမ်းလေးတစ်လျှောက်
လက်ချင်းတွဲကာ ဖြေးညှင်းစွာ လျှောက်လာနေသော ကောင်လေးနှစ်ယောက်၏ မျက်နှာထက်
အပြုံးပန်းများ ဝေဆာနေတော့သည်။ကိုယ်ချစ်ရတဲ့သူနဲ့ အတူရှိနေတဲ့ အချိန်တိုင်းသည်
ရင်အစုံကို ကြည်နူးစေသည်။

"Jimin "

"ဟင်"

ခြေလှမ်းများကို ရပ်ကာ မောင်က ‌ ခေါ်လိုက်သည်မို့ သူလည်း မောင်နဲ့ မျက်နှာချင်းဆိုင်လိုက်သည်။

"ဘယ်သွားချင်သေးလဲ?"

သူ့သဘောအရဆို မောင့်လက်ကိုတွဲကာ
မြို့အနှံ့လျှောက်သွားလိုက်ချင်ပေမယ့်
မောင့်အတွက် အန္တရာယ်ရှိသည်မို့ အိမ်ကိုသာ ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

"အိမ်ပဲ ပြန်ရအောင် "

"အင်း "

"ဟယ်!jungkookက ဘယ်လို "

အိမ်ထဲဝင်သည်နှင့် မေမေက တအံ့တဩမေးလာတော့သည်။

"ကျွန်တော် ခနအချိန်ရလို့ပါ "

"အေးကွယ်။အဆင်ပြေရဲ့လား ?"

"ဟုတ်။ပြေပါတယ် အန်တီ "

"သား ရေချိုးလိုက်ဦးမယ် "

"အင်းအင်း ဇိမ်နဲ့ မချိုးနဲ့ သား "

"ဟုတ် "

မေမေနဲ့ jungkook စကားပြော စေရန်
သူလည်း ရေချိုးရမည်မို့ အပေါ်ထပ်က အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။အိတ်ကို စားပွဲခုံပေါ်
တင်ထားခဲ့ကာ ဗီရိုထဲက အဝတ်အစားတစ်စုံကို
ယူခဲ့ပြီး ရေချိုးခန်းထဲ ဝင်ရတော့သည်။

အဝတ်အစားကိုပါ ရေချိုးခန်းထဲ တစ်ခါတည်း
လဲခဲ့လိုက်သည်မို့ အပြင်ရောက်သည်နှင့်
ခေါင်းက ဆံပင်များကိုသာ တဘတ်တစ်ထည်နဲ့
ခြောက်အောင် သုတ်နေရသည်။

"Jimin "

မှန်ရှေ့တွင် ခေါင်းသုတ်နေရင်းမှ
Jungkook ရောက်ချလာပြီး
နောက်ကနေ ဖက်လိုက်သည်မို့ jimin ကိုယ်လေး
တွန့်သွားမိသည်။

"မောင် "

"အင်း "

"ခေါင်းသုတ်မလို့ "

"အင်း "

"ဖယ်ပေးဦးလေ "

"ကိုယ် ဖက်ထားချင်သေးတယ် "

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now