❣️50 (Final-1)❣️

3.6K 198 11
                                    

"jimin ...ပစ္စည်းတွေ စစ်ပြီးပြီလား ?"

"အင်း ...ညက သေချာထည့်ထားပြီးသား "

ရေချိုးပြီးသည်နှင့် bathrobe ဝတ်ကာ
ဗီရိုတွင် ယခုဝတ်မယ့် အဝတ်အစားကို ရွေးနေရသည်။မောင်သည် ကုတင်ပေါ် ထိုင်နေရာမှ
Jiminရှိရာ လျှောက်လာသည်။ရောက်သည်နှင့်
နောက်ဘက်ဆီမှ ခါးသွယ်သွယ်ဆီ ယှက်သိုင်းပြီး jimin ပခုံးပေါ် မေးတင်လာတော့သည်။

"မောင်...အခု ဘာဖြစ်နေလဲ သိလား?"

"ဟင်!ဘာဖြစ်လို့လဲ?"

"မောင်လေ...စိတ်လှုပ်ရှားနေတယ် "

"ဘာလို့လဲ?"

‌ပခုံးပေါ် မေးတင်ထားသော မောင့်မျက်နှာဘက်
လှည့်ကာ မေးလိုက်မိသည်။မောင်သည် နီးကပ်နေသော jimin ပါးပြင်လေးအား နှာခေါင်းနစ်ဝင်သည်အထိ နမ်းသည်။

"မနက်ဖြန်ဆို ....မောင်တို့  မင်္ဂလာပွဲ ရောက်တော့မှာလေ။မောင် မင်းကို ထာဝရ ပိုင်ဆိုင်ရတော့မှာ။Park jimin က Jeon Jungkook အပိုင်ဆိုတာ
မနက်ဖြန်ကျ တရားဝင် တံဆိပ်ခတ်တော့မှာ"

"မောင်..စိတ်လှုပ်ရှားတာ အဲ့တာကြောင့်မို့ပေါ့ "

"အင်း....မင်းရော ဘယ်လိုခံစားနေရလဲ ?"

"ငါလည်း မောင့်လိုပါပဲ "

"ချစ်တယ် ...မောင့် jimin "

မောင်သည် jimin ပါးပြင်လေးကို အနမ်းထပ်ခြွေကာ ချစ်စကားလေးထပ်ဆိုသည်။jimin သဘောတကျ ပြုံးမိသည်။ထိုစကားလေးက ကြားရတိုင်း ရိုးသွားတယ်လို့ရယ် မရှိ။အသက်ရှင်စဉ် ကာလတစ်လျှောက်လုံး နေ့တိုင်း ကြားချင်မိသည်။

"ငါလည်း မောင့်ကို ချစ်တယ် ...."

"နမ်းရအောင်.."

"ဟင်!သွားခါနီးနေပြီလေ "

"ခဏပဲ "

ပြောပြောဆိုဆို jiminကို မျက်နှာချင်းဆိုင်လှည့်စေပြီး နောက်က ဗီရိုဆီ ကျောပြင်ကပ်ပစ်လိုက်သည်။ရင်ခုန်လှိုက်ဖိုစေသော မောင့်အကြည့်များကို ခေတ္တသာ စိုက်ကြည့်ပြီး မနေတတ်စွာ အကြည့်လွှဲတော့ မေးဖျားလေးမှ ပြန်ဆွဲကာ
မျက်နှာချင်း ပြန်ဆိုင်စေသည်။နှုတ်ခမ်းပါးလေး ကွေးညွှတ်စွာ ပြုံးပြပြီး နှုတ်ခမ်းချင်း ယုယစွာ
ဖိကပ်လာသော မောင်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now