"jimin "
"ဗျာ!"
"စားလေ!မကြိုက်လို့လား?
ကိုယ် တခြားဟာ ထပ်မှာပေးရမလား?""အာ..ရပါတယ် hyung!
ကျွန်တော် အတွေးလွန်သွားလို့ပါ ""ဘာအကြောင်းတွေလဲ?"
"ဒီလိုပါပဲ"
"ကိုယ့်အကြောင်းတော့ မဟုတ်ဘူးထင်တယ်"
"..........."
နေ့လည်စာ စားချိန်တွင် yoongi အလုပ်တွေ
ပြီးသည်နှင့် jiminကို ဝင်ခေါ်ကာ အတူတူ စားရန် ထွက်ခဲ့ခြင်းပင်။တစ်လမ်းလုံး တိတ်ဆိတ်စွာ ပါလာပြီး ဆိုင်ရောက်သည်အထိ မီနူးများကိုလည်း yoongiဘာသာ ကြည့်ကြပ်မှာခဲ့ရသည်။စားသည့် အချိန်တွင်လည်း တို့နဲ့၊တို့နဲ့ လုပ်နေခြင်းကြောင့် မနေနိုင်စွာ မေးကြည့်ခြင်းဖြစ်သည်။"ကျွန်တော် ...မေမေနဲ့ သွားတွေ့ချင်တယ် "
"အဲ့ဒါပြောဖို့ တွေးနေတာလား?"
Jimin ငြင်သာစွာ ခေါင်းငြိမ့်ပြတော့
Yoongi hyung က ဇွန်းကိုင်ထားသော သူ့ရဲ့
လက်ကို အုပ်ကိုင်လာရင်း"မင်းမေမေနဲ့ တွေ့တဲ့ကိစ္စက တွေးနေစရာမလိုတာကို။ကိုယ် ပြီးရင် လိုက်ပို့ပေးမယ် "
"ဟုတ် "
....................................................................
"သွားမယ်လေ "
"ကျွန်တော်....ကြောက်တယ် hyung"
"ဘာကိုလဲ?"
"မေမေ...စိတ်ဆိုးမှာကို "
Jiminတို့ အိမ်ရှေ့ထိ ကားဝင်မရသောကြောင့်
လမ်းထိပ်တွင် ကားကို ရပ်ထားခဲ့ပြီး
နှစ်ယောက်အတူ လမ်းလျှောက်လာခဲ့ကြခြင်းဖြစ်သည်။အိမ်ရှေ့ရောက်ခါနီး ဆက်မသွားသော
Jiminသည် အသက်ရှင်နေတာတောင်
သုံးနှစ်လုံး အဆက်အသွယ်မလုပ်ပဲ နေခဲ့ခြင်းကို
သူ့မေမေအပေါ် အားနာ၊ကြောက်စိတ်ဝင်နေခဲ့သည် ထင်ပါသည်။"ကိုယ့်ကိုကြည့်!ဘာမှမဖြစ်ဘူး။
မင်းမေမေက မင်းပြန်လာလို့ ဝမ်းတောင် သာဦးမှာ။ပြီးတော့ ကိုယ်လည်း ရှိနေတာပဲ "Yoongi hyung သည် မျက်နှာချင်းဆိုင်စေရင်း
လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်စကားပြောပေးသည်။jiminလည်း ဖွဖွလေးပြုံးရင်း ခေါင်းငြိမ့်ပြလိုက်သည်။
YOU ARE READING
ရင်မှာ ဒီလောက်ချစ်ပါသည်
Fanfictionငါ့မေတ္တာတွေ ပြန်စူးတဲ့တစ်နေ့ ငါ ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာ မောင်