❣️ Part-23 ❣️

3K 224 30
                                    

"jimin ထတော့ "

"ဟင် အိပ်ချင်သေးတယ် "

Jimin တကယ် အိပ်ရေးမဝသေးပါ။
ကမ်းခြေဒေသ၏ ရာသီဥတုကလည်း အေးစိမ့်စိမ့်မို့ ဆက်အိပ်ချင်သေးသည်။

မနေ့ညက hoseokတို့နဲ့ ညစာစားပြီးသည်နှင့်
ကမ်းခြေဘက်က ကာရာအိုကေဆီကိုလည်း
သူတို့သွားခဲ့ကြသေးသည်။jiminက
သီချင်း မဆိုတတ်သည်မို့ ငြိမ်ငြိမ်သာ ထိုင်နေခဲ့ပေမယ့် hoseokနဲ့ jungkookကတော့
သီချင်းပေါင်းစုံကို ဆိုခဲ့ကြသည်။ညဉ့်နက်သည်အထိ ကမ်းခြေတွင် နေခဲ့သည့်အတွက် အိပ်ချိန်လည်း ပုံမှန်ထက် နောက်ကျခဲ့ခြင်းကြောင့်
သူ မထချင်သေးပါ။

"မဆိုးနဲ့ jimin။ပြီးရင် ဟိုဘက်ကျွန်းကို
သွားရမှာလေ "

ထိုအခါမှ ခေါင်းလေးထောင်ကြည့်လာသည်။

"ဘယ်ကျွန်းလဲ ?"

"မင်းပဲ မနေ့ညက ပင်လယ်ထဲက
ကျွန်းသေးသေးလေးဆီ သွားချင်တယ်ဆို။
အဲ့တာ ကိုယ် ညက ဟိုတယ်က ကောင်လေးတစ်ယောက်ကို မေးကြည့်တာ။ဒီနေ့ ရေကျမှာမို့ မနက်စောစော အဲ့ဘက်သွားလို့ရတယ်တဲ့။ညနေပိုင်းကျ ရေတက်ရင် သွားလို့မရဘူးတဲ့ "

"အ့ဆို တကယ် အဲ့ ကျွန်းလေးဆီ သွားရမှာပေါ့ "

"အင်း "

ဝမ်းသာကာ စောင်ပုံထဲမှ လူးလိမ့်ထရင်း
မောင့်အား ပြေးဖက်လိုက်တော့သည်။

"ညစ်ပတ်အိုးလေး!ရေလည်း မချိုးရသေးပဲ "

"Jungkookနော်။ဒီက ပျော်လို့ဖက်တာကို "

"ကိုယ်က စတာပါ ။မြန်မြန်ပြင်တော့
ပြီးရင် သွားမယ် "

"အင်း နှစ်ယောက်တည်းလား ?
Seokie ရော ပါလား ?"

"ပါတယ် !သူ့ကိုလည်း ဖုန်းဆက်ထားတယ် "

"အင်းအင်း အ့ဆို ရေချိုးလိုက်ဦးမယ် "

ရေချိုးခန်းထဲ jimin ဝင်သွားသည်နှင့်
ဗီရိုနားသွားကာ ဝတ်စုံတစ်စုံထုတ်ပေးထားလိုက်သည်။

"Jungkook အင်္ကျီလေး !"

ရေချိုးခန်းတံခါးကနေ ခေါင်းလေး ပြူရင်း
အဝတ်အစားတောင်းလာလေသည်။jungkookလည်း ထုတ်ထားသော ဝတ်စုံကိုယူကာပေးလိုက်တော့ သွားလေးတွေ ဖြဲရယ်ပြကာ
အောက်သို့ ငုံ့ခိုင်းစေသောကြောင့် မျက်နှာလေးအောက်ငုံ့ပေးလိုက်သည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now