❣️Part-9❣️

3.1K 274 37
                                    


နံနက်ခင်းလေးမှာ
Jimin အသိစိတ်ဝင်ကာ
နိုးလာခဲ့သည်။

ညက သူ အပြင်းဖျားခဲ့တာကို
သိသလို၊jungkookက ဂရုတစိုက်ပြုစုပေးခဲ့တာကိုလည်း မှတ်မိပါသည်။

ဆေးသောက်ပြီး အချိန်တွင်တော့
သူ့မျက်ခွံတွေ လေးလံလာလို့
သူ အိပ်စက်လိုက်ပြီးနောက်တွင်တော့
Jimin ဘာမှ မသိတော့ပါ။

အထိအတွေ့တွေအရဆို
နွေးထွေးသော နေရာလေးတစ်ခုကို
ရောက်နေသည်မှန်း သူသိပါသည်။
သူ့အတွက် နွေးထွေးလုံခြုံမှုရ‌စေသည့်အတွက် စိတ်ချစွာပင် ထိုရပ်ဝန်းလေးဆီ ပိုတိုးဝင်ကာ အိပ်စက်လိုက်သည်။

မနက်ခင်းထိ ထို အနွေးဓာတ်လေးက
ပျောက်ပျက်မသွားသေးတာမို့
သူ မျက်လုံးများ အသာ ဖွင့်ကြည့်လိုက်သည်။

"မောင်"

လေသံဖျော့ဖျော့လေးနဲ့
ယောင်ယမ်းကာပင် ခေါ်လိုက်မိပြီး
ကြားသွားမလားဆိုတဲ့ အသိနဲ့
ပါးစပ်ကို ချက်ချင်း ပိတ်လိုက်မိသည်။

Jungkookမျက်နှာရှေ့ လက်ဖြင့်
ဟိုဘက်၊ဒီဘက်ယမ်းကြည့်မိတော့
မျက်ခွံများက ပကတိ ငြိမ်သက်နေဆဲမို့
အိပ်ပျော်နေသေးမှန်း သိလိုက်တော့သည်။
ထိုအခါမှသာ ဖွဖွလေး သက်ပြင်း ချမိသည်။

သူ့တစ်ကိုယ်လုံးကို
Jungkookက သိမ်းကျုံးဖက်ထားသည်မို့
အိပ်ပျော်နေသူ မနိုးစေရန်
ငြိမ်ငြိမ်လေးသာ နေလိုက်သည်။
Jungkookရင်ခွင်ထဲ သူ တစ်သက်လုံး
ဝင်နားချင်သည်။

အိပ်ပျော်နေသော jungkookမျက်နှာချောချောကိုရင်ခွင်ထဲမှနေရင်း မော့ကြည့်မိသည်။

အေးချမ်းစွာ မှိတ်ချထသော
မျက်ခွံတွေက ဝိုင်းဝိုင်းစက်စက် မျက်လုံးဝိုင်း
လေးနဲ့ သူသိပ်သဘောကျရပါသော
မျက်ဆံကြည်ကြည်တောက်တောက်ကလေးကို ဖုံးအုပ်ထားသည်။ထိုမျက်ခွံလေး ပင့်တင်သွားသည့်အခါတွင်တော့ သူ မြတ်နိုးရတဲ့
မျက်လုံးဝိုင်းတစ်စုံကို တွေ့ရပါလိမ့်မည်။

နှာတံချွန်ချွန်လေးဆီ ရောက်မိတော့
အသည်းယားရသေးသည်။မနေနိုင်စွာ
လက်ကလေးနဲ့ တို့ထိမိသည်။

ထိုမှတစ်ဆင့် စိပိတ်ထားသော
နှုတ်ခမ်းပါးလေးဆီ အကြည့်ရောက်မိသည်။
အချစ်ပိုရပါသည်။နှုတ်ခမ်းပါးပါးလျလျက
ထွက်လာသော စကားတွေက သူ့အတွက်
တစ်ခါတစ်ရံ နာကျင်ရပေမယ့်
ထိုစကားတို့ ဖြစ်လာတဲ့
နှုတ်ခမ်းပါးလေးကိုတော့ သူ သိပ်ချစ်ရပါသည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now