❣️ Part-48 ❣️

3.5K 253 58
                                    

တင်းတောင်

ညက သောက်ထားသော အရှိန်သည်
ခေါင်းတွေ ယခုထိပင် ထိုးကိုက်နေတော့သည်။
Jiminအိမ်က အပြန် taehyung နဲ့အတူ
ကွန်ဒိုမှာပဲ နှစ်ယောက်အတူ သောက်ဖြစ်ခဲ့ကြသည်။taehyungက သိပ်မသောက်ဖြစ်ပေမယ့်
အသည်းကွဲဝေဒနာ ခံစားခဲ့ရတဲ့ သူ့အဖို့ နှစ်ပုလင်းထက်မနည်း သောက်ခဲ့ခြင်းက ခေါင်းထောင်ဖို့ပင် မလွယ်လှပါ။taehyungကတော့   သူ မှောက်သွားသည်နှင့် အိပ်ခန်းထဲပို့ပေးခဲ့ကာ
ပြန်သွားခဲ့သည်ထင်သည်။

မထချင်သေးသော်လည်း ဘဲလ်တီးသံက
နားထဲ ဝင်ဝင်လာတာမို့ မျက်လုံးများကို
အားယူဖွင့်ကာ ထရတော့သည်။

"ဟင်!jimin "

တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က
ချစ်သူ့မျက်နှာလေးမို့  အိပ်ချင်နေသေးသော
မျက်လုံးများပင် ပြူးသွားသည်။သူ့ဆီ
ဘာလာလုပ်တာလဲ?

"မောင့်ဆီလာတာလား?"

"အင်း "

Jungkookရင်ထဲ ဝမ်းသာသွားသော်လည်း
Jimin လာရင်း ကိစ္စကို မသိသေးသည်မို့
အပြည့်အဝမပျော်နိုင်သေးပေ။

"အာ...အထဲဝင်လေ "

Jiminသည် ခေါင်းငြိမ့်ပြကာ
သူ့အနောက်ကို လိုက်လာသည်။jiminကို
ဆိုဖာတွင် ထိုင်စေခဲ့ပြီး kitchen room ထဲက
ကော်ဖီမှုန့်ဗူးကိုယူကာ ရေနွေးနဲ့ ဖျော်စပ်ပြီး
ချပေးထားလိုက်သည်။

"ခနစောင့်ပေးလို့ရလား?မောင်
မျက်နှာမသစ်ရသေးလို့ "

"ရပါတယ်။အေးဆေးလုပ်ပါ ",

ထို့နောက် Jungkook အိပ်ခန်းထဲ ပြန်ဝင်ခဲ့ပြီး
Bathroom ထဲဝင်လိုက်တော့သည်။မျက်နှာသစ်ခြင်းအမှုကို ပုံမှန်ထက် ပို မြန်မြန်လုပ်ပြီးနောက်
Jiminရှိရာ ဧည့်ခန်းကို ထွက်ခဲ့တော့သည်။

"မောင့်ဆီလာတာ ..ကိစ္စရှိလို့လား?"

"အင်း။ပြောပြစရာရှိလို့ "

"ဘာများလဲ?"

Jiminသည် တည်တည်ငြိမ်ငြိမ်နဲ့ပင်
သူ့မျက်လုံးများကို ကြည့်ကာ ပြောလာသည်။

"စေ့စပ်တော့မယ် !"

"ဘယ်လို!"

"Yoongi hyung နဲ့ စေ့စပ်တော့မှာ "

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now