❣️ Part-28 ❣️

2.3K 214 30
                                    

တီ တီ တီ

မောင့်အင်္ကျီလေးအား ရင်ခွင်ထဲထည့်ထားရင်း
ဖုန်းမြည်သံကြားမှ လန့်နိုးလာတော့သည်။
အချိန်ကို ကြည့်လိုက်တော့ ည 11နာရီပင် ရှိနေပြီဖြစ်သည်။မွေ့ယာထက် ထထိုင်ကာ
ဘေးနား စားပွဲပေါ်က ဖုန်းကို ကောက်ကိုင်လိုက်သည်။ဖုန်း contact တွင် ပေါ်လာသော နာမည်လေးက မောင် ဆိုသည့် နာမည်လေးပင်။

"ဟယ်လို မောင် "

"အိပ်နေပြီလား ?"

"အင်း ။မောင် ရောက်ပြီပေါ့ "

"စောနလေးကမှ ရောက်တာ ။အခု ဟိုတယ်ခန်းထဲမှာ။ကိုယ့်ကြောင့် အိပ်ရေးပျက်သွားပြီလား ?"

"ဟင့်အင်း!မောင် ဖုန်းခေါ်လို့တောင် ငါ ပျော်နေတာ "

Jimin ဆီက စကားလေးကြားသည်နှင့်
Jungkook နှုတ်ခမ်းပါးလေးများ ကွေးညွှတ်သွားသည်။

"လွမ်းနေပြီလား ?"

"အမှန်အတိုင်းဝန်ခံရရင် လွမ်းတယ်။ဒါပေမယ့်
မောင့်အတွက်ဆိုပြီး အားတင်းထားတယ် "

"အင်း မောင်ရော မင်းကို အရမ်းလွမ်းနေတယ်။
ခုချိန် မင်းကိုယ်လုံးလေးကို ကိုယ့်ရင်ခွင်ထဲ
သိမ်းကြုံးပွေ့ဖက်ထားချင်မိတယ် "

"မောင် မျက်လုံးမှိတ်ထား !"

"ဘာလုပ်ဖို့လဲ ?"

"ငါပြောသလို လုပ်ပါ "

"အင်း "

"မှိတ်ပြီးပြီလား ?"

"အင်း "

"အ့ဆို နားထောင်နော် "

"အခု ငါက မောင့်အနားမှာ ရှိနေတယ်လို့
သဘောထားလိုက်။မောင်က ခု အိပ်ယာပေါ်မှာလား ?"

"ဟုတ်တယ် "

"အင်း။အ့ဆို ငါက မောင့်ဘေးနားမှာ
မောင်နဲ့တူတူ အိပ်နေတယ်။မောင့်ရင်ခွင်ထဲ ဝင်လာပြီး ငါက မောင့်ခါးကို ဖက်ထားမယ်။
မောင်ကလည်း ငါ့ကို ပြန်ဖက်ထားမယ်။
မောင့်ရဲ့ ဝင်သက်ထွက်သက်အငွေ့က ငါ့နဖူးပြင်ကို တိုက်ရိုက်ကျရောက်မယ် "

".........."

"မောင် ပုံဖော်ကြည့်နော်။ငါက မောင့်ရင်ခွင်ထဲမှာ
လုံလုံခြုံခြုံလေး ခိုဝင်နေပြီးတော့ မောင်ကလည်း
ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်ထားနေတယ်။
ပြီးတော့ ငါက ခေါင်းလေးမော့ပြီး
မောင့်မျက်နှာကို စိုက်ကြည့်နေတယ်။မောင်ကလည်း ပြန်ပြီး စိုက်ကြည့်နေတယ် "

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now