❣️ Part-25 ❣️

2.6K 213 18
                                    

"အ့ဆို ကိုယ် မင်းကို မေးမယ်။
မင်း ကိုယ့်ကို idolလုပ်စေချင်လား ?"

"အင်း "

"အိုကေ!ကိုယ် လုပ်မယ်။
နောက်တစ်ခါထပ်မေးမယ်။မင်းပြောသလို
ကိုယ့်ရဲ့ဘဝက မီးရောင်အောက်မှာပဲ တောက်ပသွားရမှာဆိုပေမယ့် ကိုယ်ချစ်တဲ့ မင်းရင်ခွင်နဲ့ဝေးရမယ်ဆိုရင်ရော။ကိုယ်တို့နှစ်ယောက်တူတူ
ကုန်ဆုံးရမယ့် အချိန်တွေနည်းသွားမှာ မဟုတ်ဘူး မရှိကို မရှိတော့မှာ။မင်းနဲ့ ဖြတ်သန်းနေရမယ့် အချိန်တွေအစား သီချင်းတွေဆိုရင်း၊ကရင်းနဲ့ပဲ ကိုယ် အချိန်ကုန်နေရမှာ။အဲ့လိုနဲ့ ကိုယ်တို့
သွေးအေးသွားကြမယ်ဆိုရင်ရော မင်းကိုယ့်ကို
Idolဖြစ်စေချင်သေးလား?"

"........."

မောင် တစ်ယောက် idol ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး
ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်တွေ ချခဲ့ပေမယ့်
ယခု မောင် ပြောလာသော စကားမှာတင်
သူ့ဆုံးဖြတ်ချက်သည် ယိုင်နဲ့လာသည်။သူ
ထိုအထိ မတွေးမိခဲ့ပါ။သူရိုးရိုးရှင်းရှင်းလေးသာ
တွေးမိခဲ့ခြင်းပါ။မောင်က အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာမယ်။မောင့်ဘဝလေး လှပသွားမယ်။သူတို့နှစ်ယောက်ရဲ့ အချစ်စက်ဝန်းကလည်း ပုံမှန်ပဲ လည်ပတ်သွားမည်ဟု တွေးထားခဲ့မိခြင်းပါ။သူ မှားသွားပြီလား?

ဘယ်လိုနေနေ မောင့်ကို ယခုလို ပုံစံမျိုးနဲ့တော့
သူမမြင်ချင်။မောင့်အိပ်မက်ကို အကောင်အထည်ဖော်ပေးချင်သည်။ငါတစ်ယောက်အတွက်နဲ့တော့ မင်းအိပ်မက်ကို လက်လျော့ဖို့ မသင့်ဘူးမလား မောင်ရယ်။
Trainee ဆင်းနေရတဲ့ အချိန်တွေအတွက်လည်း
မင်းအပေါ် မပြောင်းလဲပဲ ငါက ပိုတိုးပြီးဆက်ချစ်ပေးသွားမှာမို့ မင်းကတော့ အောင်မြင်မှ ဖြစ်မယ် မောင်။

"Jimin ဖြေလေ!ကိုယ့်ကို idol လုပ်စေချင်သေးလားလို့ "

"အင်း "

မောင့်မျက်နှာ အနည်းငယ် မှိုင်းသွားသည်။
သူ မသိချင်ယောင် ဆောင်ထားလိုက်မည်။
မင်းအတွက်မို့၊မင်းအတွက်မို့ပါ။

"ဟုတ်ပြီ။နောက်တစ်ခါ ထပ်မေးမယ် ။
မင်း ပြောသလို ကိုယ့်ဘေးမှာ အကောင်းဆုံးအရာတွေ ရှိလာမယ်ဆိုပေမယ့် အဲ့အကောင်းဆုံးအရာတွေကို အစားထိုးပေးရမှာက မင်းရဲ့ ဂရုစိုက်မှုတွေ၊ရိုးရှင်းလွန်းတဲ့ မေတ္တာတွေ၊
မင်းကိုယ်တိုင် ထည့်ပေးထားတဲ့ သွားတိုက်တံလိုမျိုး၊မင်းကိုယ်တိုင် သုတ်ပေးမယ့် ကိုယ့်ဆံပင်တွေလိုမျိုး၊မင်းကိုယ်တိုင် ပြင်ဆင်ပေးနေကြဖြစ်တဲ့ အဝတ်တွေလိုမျိုး။အဲ့နေရာတွေမှာ တခြားအရာတွေက နေရာယူသွားမယ်ဆိုရင်ရော
မင်း ကိုယ့်ကို idolဖြစ်စေချင်သေးလား?"

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now