"မောင် ....မပြီးသေးဘူးလား"
"ပြီးပြီ....jimin။ခန!"
မွေ့ယာပေါ် ထိုင်နေသော jimin ရဲ့ မျက်နှာလေးက
စူပုတ်စပြုနေလေပြီ။ရေချိုးနေပါသော မောင်တစ်ယောက်ကတော့ နာရီဝက်ပင်မကတော့။အကြောင်းမှာတော့ ယနေ့ည နှစ်သစ်ကူးည အတွက် နှစ်ယောက်အတူ ချက်ပြုတ်ပြင်ဆင်ကြမှာမို့ပင်။မောင့်ဘက်က short tripလေး စီစဉ်ပေးမည်ဟု ပြောခဲ့သော်လည်း jimin လက်သင့်မခံခဲ့ပါ။သူတို့နေထိုင်ရာ ကွန်ဒိုလေးမှာပဲ အမှတ်တရညလေးကို တူတူဖြတ်သန်းချင်သောကြောင့်ပင်။
"မောင်!"
ချလောက်!
စိတ်မရှည်တော့စွာ ခေါ်သံနှင့် ရေချိုးတံခါးဖွင့်သံတို့ဟာ ထပ်တူကျလျက်။တံခါးချပ်နောက်ကွယ်မှာတော့ ခါးတွင် တပတ်တစ်ထည်ပတ်လျက် ထွက်လာသော မောင်။
"မောင့်ကို လွမ်းလို့လား..ဟင်?"
ရေမခြောက်သေးသော ဦးခေါင်းကို ငုံ့ကျကာ
မျက်နှာချင်း နီးကပ်စွာ မေးနေသော မောင့်အား
Jimin မျက်စောင်းလေး တစ်ချက် ခဲလိုက်ရင်း"လွမ်းမနေပါဘူး။ဖယ်! အဝတ်သွားဝတ်ချည်တော့"
"ဝတ်ပေးလေ"
"မောင်က ကလေးလား?ကိုယ့်ဘာသာ ဝတ်!
ဟိုမှာ အရန်သင့် ထုတ်ပြီးသား"Jimin စကားကြောင့် Jungkook မွေ့ယာတစ်ဖက် ထောင့်စွန်းနားက ဝတ်စုံဆီ ကြည့်မိသည်။ရင်ထဲ ပျော်ရွှင်ကြည်နူးမိတာက အမှန်။အိမ်ထောင်သက် ကြာလာလည်း jimin ဘက်က ဂရုစိုက်မှုလေးတွေသည် အသေးအဖွဲလေးကအစ လျော့မသွား၊မပျက်ကွက်ခဲ့ဖူးပါ။
"မင်း ဝတ်ပေးတာပဲ လိုချင်တာ"
"ဟုတ်ပြီ...အင်္ကျီ ဝတ်ပေးမယ်"
အဲ့လိုပါပဲ။jiminဟာ မောင့်စကားဆို
နားထောင် အလေးထားဆဲ။"ဘောင်းဘီကျရော?"
"မောင်နော်!"
ရှပ်လက်ရှည်က ကြယ်သီးတို့ကို ဖြုတ်နေရင်း
ဘေးနားက ပြီတီတီမျက်နှာပေးနဲ့ သူအား
Jimin မကြည်ကြည့် ထပ်ကြည့်ပေးလိုက်သည်။"ချစ်စရာလေးကွာ!"
မကြည် ကြည့်ပါတယ်ဆို အူယားသွားပြီး
လူကို အနောက်ဘက်မှ သိုင်းဖက်လိုက်ပြီး ခါးကို တင်းကြပ်စွာ ဖက်လာတာမို့
YOU ARE READING
ရင်မှာ ဒီလောက်ချစ်ပါသည်
Fanfictionငါ့မေတ္တာတွေ ပြန်စူးတဲ့တစ်နေ့ ငါ ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာ မောင်